Sunday, July 6, 2008

အရှက်မရှိ တာလား ဂေါက်နေတာလား

လာပြန်ပါပြီ ကျွန်ုပ်တို့ စီဘောက်စ်သို့  လာရောက်ကာ ဘလော့ နှစ်ခုလုံး သူ့ ဘလော့ဟု ပြောပြန်ပါသဖြင့် ကူးယူ တင်ပြလိုက်ရပြန်ပါသည်။
အင်မတန် ချစ်စရာကောင်း ယဉ်ကျေးသိမ်မွေ့ သော(နှာဘူး များ ကတော့ပြောကြ ကပ်ကြ စုံမှိတ်ကာကွယ်ကြတာပဲဟုတ်မဟုတ်တော့မသိ) သူလေး ၏ အခြား ဘလော့ဆိုသော ဘလော့အား မောင်နှင့် နှမ သားနှင့်အမိ ကြည့်ရဲကြပါသလား ဗျို့...။

5 comments:

ck said...

FYI

Those are not porn.

Those are ads by a famous fashion designer Tom Ford.

Thomas Ford (born August 27, 1961) is an American fashion designer. He gained international fame for his turnaround of the Gucci fashion house and the creation of the Tom Ford label, becoming one of the world's most influential designers.

http://en.wikipedia.org/wiki/Tom_Ford

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

ဝသီ ဝသီ :D

ဖြစ်ရပ်မှန် ပုံပြင်လေးတစ်ပုဒ် ပြောပြသွားပါရစေ။ ကျွန်မမှာ သူငယ်ချင်းတစ်ယောက်ရှိခဲ့ပါတယ်။
သူ့ ရဲ့ နာမည်ကတော့ မေချိုဦးပါ။ ခင်တာတော့ အတော်ကို ခင်ပါတယ်။ ဒါပေမယ့် သူ့ ဆီမှာ
ကျွန်မ မကြိုက်ဆုံး ( အခြားသူငယ်ချင်း တော်တော်များများလည်း မကြိုက်တဲ့ ) အကျင့်
တစ်ခုရှိပါတယ်။ အဲဒါကတော့ အသစ်ပေါ်တဲ့ ရုပ်ရှင် မင်းသား မင်းသမီးမှန်သမျှဟာ သူနဲ့ 
အသိမိတ်ဆွေ ဟုတ်ရင်ဟုတ် မဟုတ်ရင် အခြားသော နည်းလမ်း တစ်ခုခုနဲ့  ပတ်သတ်သိကျွမ်း
နေခြင်းပါပဲ။

သူ့ အရှေ့ မှာ မတော်လို့ များ

"ဟိုမင်းသားလေးက ချောတယ်တော့ ... အသစ် တက်တဲ့ ဒီမင်းသမီးလေးကဖြင့် အိုက်တင်က ဘယ်လိုရှိတယ် ချောလည်းချောတယ်" လို့  ပြောမိလိုက်ရင်

"သြော် အဲဒီမင်းသားလေးက အမနဲ့ သိတယ်..ရန်ကုန်မှာတုန်းက အမ သူငယ်ချင်းတွေ မိတ်ဆက်
ပေးလို့  သူနဲ့  သိခဲ့တာ........

.........အမလေး ဒီမင်းသမီးလေးများ အဲဒါ အမရဲ့ ညီမလေးလိုပဲ .. သူနဲ့ သိပ်ခင်တာ..........

.........ဒီမင်းသားလေးက အမ အမေ သူငယ်ချင်းရဲ့ သားလေး လေ .. သိပ်သိတာပေါ့ သူ့ ကို .. သူလည်း
အမကို သိတယ်"

စသဖြင့် စသဖြင့် သူပြောလိုက်ရင် ရုပ်ရှင်လောကသား အားလုံးဟာ တစ်နည်းမဟုတ်တစ်နည်း
တော့ သူနဲ့  ပတ်သတ်နေတာချည်းပါပဲ။ တစ်ယောက်တစ်လေ ကို သိတယ်ဆိုရင်ဖြင့် လက်ခံနိုင်ပါသေးတယ်။ ခုဟာက အသစ်မပေါ်လိုက်နဲ့  ချက်ခြင်းလက်ငင်းဆိုသလို သူနဲ့  အမျိုးတော်သွားပါပြီ။ ကြာတော့မျက်စိ စပါးမွှေးစူးလာပါရော။

သောက်မြင်ကပ်ကပ်နဲ့ ပဲ အပေါင်းအသင်းလုပ်နေရင်း ကျွန်မ မှတ်မှတ်ရရ သူ့ ကို ချဉ်ဖတ်ဖြစ်သွားတဲ့
နေ့ လေးတစ်နေ့ အကြောင်း ပြောပြပါမယ်။ ရယ်စရာ ဖြစ်ချင်လည်း ဖြစ်သွားမယ်။ ဒါမှမဟုတ်
ချဉ်ဖတ်ဖြစ်ချင်လည်း ဖြစ်သွားနိုင်ပါတယ်။ ဇာတ်လမ်းလေးက ဒီလိုပါ။

အဲဒီအချိန်တုန်းက တက်သစ်စ ရုပ်ရှင်မင်းသားလေး မြင့်မြတ်ရဲ့ ရုပ်ရှင်ကို ငှားပြီး သူငယ်ချင်းတွေ
အတူတူ ထိုင်ကြည့်ဖြစ်ကြပါတယ်။ အခွေငှားလာတဲ့သူက ကျွန်မပါ။ ရုပ်ရှင် စဖွင့်လို့  မြင့်မြတ်ရဲ့ သရုပ်ဆောင်ပုံလေးကြည့်ရင်းကျွန်မက ပြောမိပါတယ်

"ဟယ် .. မင်းသားအသစ်လေးက ချောတယ်တော့"
လို့ ။ အဲဒါကိုအခြားသော ရုပ်ရှင်အတူတူ ထိုင်ကြည့် နေကြတဲ့ သူငယ်ချင်းတွေကလည်း ထောက်ခံပါတယ် ချောတယ်ပေါ့။ လွှတ်ခနဲ ထွက်သွားတဲ့ ကျွန်မတို့  ပါးစပ်ကို ဘရိတ်အုပ်ချိန် မရလိုက်ပါဘူး။ ဒီတော့လည်း သူနဲ့  ဘယ်လို အမျိုးတော်နေဦးမလဲ ဆိုတာကို နားစွင့်မိလျက်သား ဖြစ်သွားပါတယ်။ တစ္စကန့် 
တောင်မကြာလိုက်ပါဘူးရှင် မြင့်မြတ်ဟာ သူ သိပ်ချစ်သိပ်ခင်ခဲ့ရတဲ့ သူ့ ရဲ့ မောင်လေးတစ်ဖြစ်လည်း
သူ့ ကို အမတစ်ယောက်အဖြစ် သိပ်ချစ်သိပ်ခင်တဲ့ မြင့်မြတ်ပါတဲ့လေ။

ကျွန်မတို့  သူငယ်ချင်းအုပ်စု တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မျက်လုံးချင်း ပြောလိုက်တဲ့
စကားတစ်ခွန်း "သေသာသေလိုက်ချင်တော့တယ်"

သြော် ဝသီ ဝသီ .......................

Unknown said...

btw 1001burmese, try finding degree in venture capital in oxford as she claimed. U will find none. Something is really fishy.

Unknown said...

ကိုထိုက်အဖေက S.B ကတဲ့ဟေ့.....၊။ ဒီက comments တွေကိုသာဖတ်ကြည့်ကြပေတော့ အရပ်ကတို့။ http://ko-htike.blogspot.com/2008/07/blog-post_10.html