Showing posts with label 4choe. Show all posts
Showing posts with label 4choe. Show all posts

Wednesday, June 18, 2008

ဘလော့ကာ လေးချိုးတော်ကြီး

တွေးမရကြာပြီ
အဝေးက မြာမဒီမယ်
ပလာပလီ ဇာနည်ဖွားရယ်တဲ့
ကြွားခဲ့ပြန်ပြီ။

ဘလော့တွေ မှိုလိုပေါက်ပါလို့
ငပျော့တွေ ငိုသလို မကြောက်ပါဘု
အပေါ့တွေ လိုသလိုသောက်လြိုကလျှင်ဖြင့်
လာခဲ့စေချင်...။

အတိုင်းအရှည် အဖြစ်မသိပေမယ့်
တိုင်းပြည်ချစ်မိပြီဆိုပြန်တော့လဲ
ငိုသံတွေ ပဲ့တင်ထပ်တယ်
ရင်တွင်းဝယ်တကယ်မချိပြီမို့
ကူမည့်သူ သရဲကောင်း အထောင်အသောင်းကိုမှ
ဘဲခေါင်းကို ကုလား ကိုက်သလို မှားမိုက် မျှော် အားတော်ကိုးပါရဲ့
ကူလှည့်စေချင်။

ကျော်ဆန်းကို မှန်းရော်ရမ်းလို့
လမ်းချော်စမ်းရယ် မတွန်းလိုက်ပါနဲ့
ဇွန်းကိုက်ကာ ဆေးတော်သောက်ပါလို့
ပွေးတော်ပေါက်သင့်တင်ပါးကို
မယားအောင် ဟိုသည်လှည့်ကာ
ဘလော့ကာ သူရဲကောင်း တွေရေ
မလျော့စွာ လူထဲ အကောင်း ထင်ရေးအတွက်
မဏ္ဍပ်တိုင်ခါခါတက်ရတယ်
ကရုဏာမေတ္တာစိတ်အစဉ်နဲ့
တိတ်တိတ်ရယ်ချင်။

ကပြာကယာ အပီ
လာပါပြီ နောက်တမျိုးနဲ့
သောက်ကျိုးနည်း အာဇာနည်
ခါခါ အတည် ရေးကာ ချွတ်ရတယ်
လွတ်မြောက်မယ် မကြံသေးခင်ကွယ့်
ဆေးရိုးကိုလမ်းပေါ်လှမ်းပြတယ်
လွမ်းမိတယ် အဘအောင်ဆန်းရယ်
ယောင်ရမ်းကာမဆဲလိုက်ပါနဲ့
လွဲခဲ့ပြန်ပြီ ။

တဖက်ကိုလှည့်ကာကြည့်ပါ
သင်သိမှာ ရင်မချိနာ ရမယ်
အို နာဂစ် ရယ်က
လူအစစ်တွေ သုတ်သင်သတ်ပါလို့
အရပ်ကို ရာဇ၀င်ရိုင်းစေတဲ့
သချို င်္င်းမြေ ဒို့ ပြည်ဖြစ်ရတယ်
စစ် တပ်ကို ခါးပိုက်ဆောင်ထားသူက
စကားတူထိုင်တောင်မပြောပါဘု
တုချင်ရင် ပြုပြင်စမ်းပါကွယ့်
မှာခဲ့ပါမည်။

ကဗျာဖွဲ့ စာ အတည်ရေးလိုလျှင်ဖြင့်
ရင်ဖွင့်ကာ သင်အံ တွေးပါမှ
ရေးတတ်မည်ထင်.....
အတွေးမျှင် ဒီမှာဆုံးမယ်လေ့
မုန်းတယ်ဟေ့ ဆိုချင်ဆိုတော့ကွယ်
ပြုံးလျှက်နေမည်။ ။