Wednesday, November 26, 2008

ဘလော့ရွာသူ တမူထူး၏

တနေ့သ၌ ကျွန်ုပ်တို့သည် လျှို့ဝှက်သောလက်ဖက်ရည်ဆိုင် တနေရာဝယ် လျှို့ဝှက်အပ်သော အမှုများပြုလုပ်ရန် လျှို့ဝှက်စွာ ချိန်းဆို တွေ့ဆုံကြလေ၏။ သို့သော် ကျွန်ုပ်တို့၏ အထူးအရေးပါသော သူငယ်ချင်းအကောင်းစားကြီးမှာ တော်တော်နှင့် ရောက်မလာသဖြင့် အားလုံးက လည်တဆန့်ဆန့် ရှိနေကြလေသည်။

ထိုစဉ် တဖုန်းဖုန်းဖြင့် ပြေးလာသော သူငယ်ချင်းကြီး၏ မျက်နှာသည် ပျားတုပ်ခံထားရသော လဒကြီးကဲ့သို့ နီရဲနေသည်ကို တွေ့လိုက်ရသောအခါ မောကြီးပန်းကြီး ပြေးလာရသဖြင့် ဖြစ်မည်ဟု ကျွန်ုပ်တို့က ကောက်ချက်ချလိုက်ကြလေသည်။ သို့သော် နာရီဝက်ခန့် ကြာသည်အထိ နီရဲနေသော မျက်နှာကြီးမှာ ပုံမှန်ဖြစ်မလာပဲ မျက်စိသူငယ်အိမ်များ ကျဉ်းလိုက် ကျယ်လိုက် ဖြစ်နေခြင်း နှာခေါင်းကို ခဏခဏပွတ်ခြင်း တယောက်တည်း စပ်ဖြဲဖြဲဖြစ်သွားခြင်း စသည့် သွင်ပြင်လက္ခဏာ များကို မသင်္ကာဖွယ် တွေ့လိုက်ရသောအခါ ကျွန်ုပ်တို့လည်း နားခွက်ကဖြတ်ဆို မီးတောက်သွားလေသည်။

“ဟဲ့... သေနာကောင် မှန် မှန် ပြောစမ်း.. နင် တခုခုတော့ ငြိလာပြီ မဟုတ်လား။ မဟုတ်မှလွဲရော ရွာသူနှောက်တာပဲ ဖြစ်ရမယ်…”

သူငယ်ချင်းကြီးသည် ဟန်ဆောင်ပန်ဆောင်ပင် ငြင်းမနေတော့ပဲ သူ၏ အေဆာ ပေါင်တင် အညံ့စားလေးကို စားပွဲပေါ်တင်ကာ လက်ဖက်ရည်ဆိုင်မှ အလကားပေးသော ကြိုးမပါအင်တာနက်ကို ကော်နက် လုပ်လိုက်လေသည်။

သူပြသော ဘလော့ဆိုက်မှအနှီဓာတ်ပုံတပုံ ကိုတွေ့လိုက်ရသောအခါ ကျွန်ုပ်တို့ အဖွဲ့သားများ အားလုံးလည်း ပါးစပ်အဟောင်းသားဖြင့် မေးစိကြီးများ စားပွဲအောက်သို့ ဂေါက်ကနဲ ကျမတတ် ဖြစ်သွားရလေသည်။ (မေးစိဖြစ်သည်။ စာလုံးပေါင်း သေသေချာချာဖတ်ပါလေ။)



“ဟယ်… သူလေးက… ဂလိုဆိုတော့လည်း…”

ဝါသနာရှင်များပီပီ သံပြိုင်ရေရွတ်လိုက်ရင်း တံထွေးကို ဂလု ဂလု ဟု မျိုချ လိုက်ကြတော့သည်။

ကျွန်ုပ်တို့အထဲတွင် ဖွန်လိုက်ကြောင်ရင်း ယောဂ သင်တန်းကို ရောယောင်တက်ဖူးသဖြင့် သမာဓိ အတော်အတန် ရနေသော သူငယ်ချင်းသည် စားပွဲကို ဖြန်းခနဲပုတ်ကာ အားလုံးကို တပ်လှန့်လိုက်လေသည်။

“တယ် ... နင်တို့ဟာလေ ဒါမျိုးများဆို ငါးကြော်အနံ့ရတဲ့ ကြောင်ဖားကြီးလိုပဲ။ သွားရည်များလည်း ထိန်းကြပါဦး။ ဒါ ၀က်ဝံ ရဲ့ လှည့်ကွက်တွေ ဖြစ်နိုင်တယ်”

“မင်းကလည်း သူလေးကိုဆို အဆိုးပဲ မြင်နေတော့တာပဲ။ ဒီမှာ ရေးထားတာ ဖတ်ကြည့်ပါဦး။

JG ဘယ်အချိန်က လှမ်းရိုက်ထားမှန်းတောင် မသိလိုက်ဘူး။ ဒီနေ့ သူ့ Camera ထဲက ပုံတွေ ပြန်ကြည့်တော့မှ ကိုယ့်ကို ရိုက်ထားမှန်း သိတော့တယ်။

JG ကို မေးလိုက်တော့ ရုတ်တရက် အဲဒီအချိန်တုန်းက အဲလိုလေး ဝတ်ပြီး ရပ်နေတဲ့ ပုံက သူ့အတွက် Sexy ဖြစ်စေလို့ ရိုက်လိုက်တာတဲ့။ သူ အဲလို အမြဲ လုပ်နေကြ။ ကိုယ်မသိလိုက်ပဲ အဲလို ကိုယ့်ကို ရိုက်ထားတဲ့ ပုံတွေ အများကြီး။

အဲဒီတုန်းက Mini Short Skirt ဝတ်ထားလို့ ကိုယ့်ရဲ့Long Legs အလှ ပေါ်လွင်နေတယ် ထင်တယ်။ ကိုယ့်ကိုကိုယ် flirting လုပ်လိုက်တာ..., ဟိ :))


တွေ့ပလား။ ဒါ သူလေးရဲ့ ခြေထောက်ကွ။ သူ့ဘဲဘဲ ကိုယ်တိုင် ရိုက်ပေးထားတာ။ တောက်... အပေါ်ပိုင်းကို ဘာလို့များ ဖြတ်လိုက်ပါလိမ့်... ဟင်းဟင်းဟင်း...”

ထိုသူငယ်ချင်းလည်း ကွန်ပျုတာ စခရင်ရှေ့တွင် မျက်စိမခွာတမ်း ကိုက်မယ်ခဲမယ် သွားရည်တများများ ဟန်ပြင်နေကြသော ကျွန်ုပ်တို့ကို စိတ်ညစ်ညူးစွာဖြင့် ဒိတ်အောက်နေသော သူ့ အိတ်ခ်ျပီ ပေါင်တင်လေးကို အတင်းဆွဲထုတ်လေသည်။

“ငါကတော့ မသင်္ကာဘူး ဆရာ။ ငါ့မှာ သူခိုးဖမ်းစက်ရှိတယ်။ စစ်ကြည့်ရမယ်...”

သူသည် ကွန်ပျူတာကို အင်တာနက် ချိတ်ဆက်ကာ မည်သို့မည်ပုံ လုပ်လိုက်သည်မသိ။ ကျွန်ုပ်တို့ရှေ့မှောက်သို့ ၀က်ဘ်ဆိုဒ် တခု ဘွားကနဲ ရောက်လာလေတော့သည်။

http://flickr.com/photos/9626811@N04/2714119288


ဟယ်…

ဒါဆို ဒီသားမွေးအကျီင်္ဆိုတာလေးကရော...





http://flickr.com/photos/ferrous/160794652/


http://flickr.com/photos/ferrous/173043360/



အီတလီမုန့်တွေ သူ့ဘဲနဲ့သူ ကိုယ်တိုင် လုပ်ကြတယ် ဆိုတာကရော… လုပ်.. လုပ်.. လုပ်ပါဦးဟ





http://www.flickr.com/photos/luscioustemptations/2843647323/in/pool-52240578442@N01


http://luscioustemptations.blogspot.com/2008/08/spaghetti-with-smoked-haddock-and.html



http://flickr.com/photos/25959646@N02/2927960392/



ကျွန်ုပ်တို့လည်း ထန်းညက်ရည် နှင့် ငန်ပြာရည် မှားဆမ်းမိသည့် မုန့်လက်ကောက်ကို ပါးစပ်ထဲ အထွေးလိုက် ထည့်ဝါးမိသကဲ့သို့ ငိုချင်သလို ရယ်ချင်သလို ငန်ကျိကျိ အန်ချင်ချင်ကြီး ဖြစ်သွားကြလေသည်။

မျက်နှာကြီးနီရဲတာမပျောက်သေးတဲ့ သူငယ်ချင်းကြီးက လက်ခံချင်ပုံမပေါ်သေးပေ။
“ဟယ် သူကလေးက ဘလော့ပေါင်းများစွာ စာမျက်နှာပေါင်းများစွာမှာ ပါဝင်ရေးသားနေတာလေ။ သူကလေးရဲ့ ကိုယ်ပိုင်လေးတွေဖြစ်နေမှာပေါ့။ မင်းတို့ကလေ သူကလေးဆို… ”

“ဟဲသေနာ ငတုံး… နင်တို့အမေ မွေးထုတ်ပေးလိုက်တဲ့ ဦးနှောက်တွေ တရုပ်ကြေးအိုးဆိုင်မှာ ရောင်းစားလိုက်လို့လား။ နည်းနည်းပါးပါး ကလစ်ဆက်နှိပ်ပြီး ကြည့်ပါဦး။ သူကလေး သူကလေး နဲ့ ဟိုက မင်းတို ငတုံး လဒူ အောင်ကြူကြူဆိုပြီး အော်ရယ်နေမှာ သိရဲ့လား။ ငါပြတာကိုမြင်ရဲ့လား ကြည့် ဓာတ်ပုံတွေကိုတင်ထားတဲ့နေ့စွဲ တင်ထားတဲ့လူတွေကိုကြည့် တူသလား၊ ပြီးတော့ သူရေးထားတဲ့ နေ့တွေနဲ့ ယုတ်တိရှိရဲ့လား… မင်းလေ… မျက်နှာကြီးနီ ဟိုက ပြသမှလက်ခံ ဟိုက ငတုံးလို့ အခေါ်ခံရတာတောင် နည်းသေးတယ်။”

“ဒါဆို သူကလေးက ငါတို့ကို တကယ်လိမ်တာပေါ့နော်။ ရက်စက်လိုက်တာ။ ငါ့မှာတော့ သူကလေးကိုအားပေးလိုက်ရတာ။”

အို.. ဘလော့ပွဲလာတို့…။ ကျွန်ုပ်တို့ ဘလော့လောကကြီး မည်သို့ မည်ပုံ စခန်းသွားနေသနည်း။ ဤအတွေးတို့က ကျွန်ုပ်တို့၏ ရင်ဝကို တဒုန်းဒုန်း ဆောင့်ချေသည်။ “ဒင်းတို့ မြန်မာ ငတုံးများ ဗဟုသုတ နုံချာလှသည်။ နှပ်ချချင်တိုင်း နှပ်ချလိုက်ဦးမည်” ဟု ချစ်နှမငယ် သဘောပိုက်လေသလော။ အဟုတ်မှတ်ကာ ရေးသွားကြသော မှတ်ချက်များကို ဖဲမွေ့ရာ သဉ္ဖလီဝယ် လူးလွန့်လဲလျောင်းရင်း ဖင်ပြန်ခေါင်းပြန်ဖတ်ကာ တခစ်ခစ် ရယ်မော နေလေတော့သလော။ သကာလူးထားသော စကားလုံးကလေးများဖြင့် မျက်နှာပြောင်ပြောင် ဆင်ခြေထုတ်ကာ မထူးဇာတ်ကို ဆက်ခင်းနေဦးမည်လော။

သူကလေး၏ မီနီစကပ် ခပ်ကျပ်ကျပ် စွပ်ထားသော သမိုင်းကြောင်းတိုတိုထဲမှ အနံ့တဟောင်းဟောင်းများကို လေအပင့်ဝယ် ပြန်ပြောင်းရှူရှိုက် ကြည့်လိုပါကလည်း သူကလေး ကျူးလွန်ခဲ့သော အမှုများမှာ ၁ ကြိမ်. ၂ကြိမ်. ၃ကြိမ် မကတော့ပြီပါကလား။

(၁) Summer Time ဆိုတဲ့ ကဗျာကို ခိုးချ။ ပြီးတော့ သူရဲ့ အချစ်ဟောင်းရေးထားတာပါပြော။
(၂) Accept my sympathy ဆိုတဲ့ကဗျာကိုခိုး၊ ဟိုပြင်ဒီပြင်လုပ် မုန်တိုင်း ဒုက္ခသည်ကိုသနားချင်ယောင်ဆောင်လိုက်သေးတယ်။
(၃) julystars.blogspot.com ဆီက ဖိနပ်ပုံတွေ၊ အင်္ကျီပုံတွေကူးချပြီး သူကိုင်တိုက်ပဲ ၀ယ်ခဲ့သလိုလိုရေး။
(၄) အခုလည်းကြည့်ပါလား flickr ထဲက ပုံတွေကိုခိုးယူပြီးတင် မြန်မာတွေကိုထပ်ပြီး စော်ကားလိုက်ပြန်ပြီ။

ယခင် အချိန်များကမူ ပျော့ပျော့လေးနှင့် အားနွဲ့ရှာသော အနှီမိန်းမသားလေးကို ကျွန်ုပ်တို့ သကောင့်သားများက ဖိနှိပ်အနိုင်ကျင့်သည်ဟု အယူရောက်ကာ ပြဿနာကို သေသေချာချာ မစူးမစမ်းပဲ မားမားမတ်မတ် ရှေ့ကရပ်ပေးလိုကြသော လူကြီးမင်းများလည်း အများအပြား ပေါ်ပေါက်ခဲ့ချေသည်တမုံ့။ ယခုမူကား သူကလေး၏ သူခိုးအမှုအစုစုသည် ဂေါက်ကွင်းတွင် ဂေါ်ဇီလာ သွားသကဲ့သို့ ဂွမ်းဂွမ်းကြီး ထင်ရှားလှချေပြီ။ အိုဘယ့် ရွှေပရိသတ် .. ဆုံးဖြတ်ကြလေကုန်။


ကျွန်ုပ်တို့ ဝေဖန်ထောက်ပြနေခြင်းသည် သူမ မည်သူမည်ဝါနဲ့ ပါတ်သက်သည်ထက် စာဖတ်သူများအား မလေးစားခြင်း၊ ဘလော့ကာတို့ ထားရှိရမည် ကျင့်ဝတ်တို့ကို လုံးဝချိုးဖောက်ခြင်းတို့ကို လူကြီးမင်းတို့အား တင်ပြလိုခြင်းဖြစ်ပါသည်။

သူ့ရဲ့ဘလော့မှာ creative common license ကိုသုံး၊ သူများဖန်တီးထားသည်ကိုခိုးတာကတော့ အင်မတန်ရှက်ဖွယ်ဖြစ်ပါတယ်။

လူကြီးမင်းတို့ ဘလော့ရေးသားခြင်းသည် ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်သော်လည်း သူတပါးဖန်တီးထားသောစာ၊ ဓာတ်ပုံတွေကို ရည်ညွှန်းချက်မပေး ခိုးယူသုံးစွဲတာကတော့ အခြားဘလော့ကာနဲ့ဖန်တီးသူတွေကိုစော်ကားတာပဲဖြစ်ပါတယ်။

ဒီထက်စော်ကားတာကတော့ ငါကတော့ဘာဖြစ်လို့ ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့ လက်ရှိအစိုးရရဲ့ မျိုးဆက်ဖြစ်ကြောင်း ၀န်ခံထုတ်ဖော်လိုက်ပြီး အဆုံးစွန်အထိ ကျွန်ုပ်တို့အား စော်ကားလိုက်ပါပြီ။ သေသေချာချာ လေ့လာဖတ်ရှုပြီးမှ ကိုယ့်ရပ်တည်ချက်ကို ဖော်ပြပေးပါရန် လေးစားစွာဖိတ်ခေါ်ပါတယ်။




ဆက်လက်ရှုစား နိုင်ပါသေးသည်။

http://www.flickr.com/photos/drumtoo/511541667/in/set-72157600256024934/


http://flickr.com/photos/71277991@N00/545050515


http://flickr.com/photos/marcelyne/552335330/

43 comments:

Spring said...

A faker? A charlaton?? :D

Spring said...

One word ...." speechless "

Anonymous said...

OMG ... ခြိမ်းခြောက်ထားလိုက်တာ ကြောက်ချာကြီးဘာလား မိမိငဲ့

Unknown said...

ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ခိုးအုန်းမလဲလေ။

Anonymous said...

ခိုးတာ မလုပ်သင့်လို့ ဝေဖန်ရုံပဲရှိသေးတယ် သူခိုးကြီးမျိုးရိုးက ဆင်းသက်မှန်းတောင် သူ့ဘလော့မှာ ၀န်ခံနေပြီ သိလား။ ဒီလောက် ၀က် ၀က်ကွဲခိုးပြီး မျက်နှာပြောင်တိုက်တာတောင်မှ လူလိမ်ဆိုတာ လက်မခံကြသေးရင် ညလေးရေ ညလေးရေနဲ့ ၀ိုင်းမနေကြတဲ့ ဆိုင်းနောက်ထ ကိုကိုမမများ ၂၀၀၇ခုနှစ်က သူများချက်တဲ့ spaghetti စားပြီး ၀မ်းတော်လားစမ်းပါလေ့စေတော့။

sai said...

anybody married to her ?
ops! sure she will be play around with their papa PSO or driver.
may be who know.
watch out man !!!

please tell her no need to shy.

သစ်နက်ဆူး said...

၁၀၀၁.....
အခုလို အဖြစ်မှန်တွေကို တိတိကျကျဖော်ထုတ်ပေးပြီး...ယဉ်ကျေးသော စာများနဲ့ ဝေဖန်တာကို အားပေးပါတယ်...။
အရင်ကလဲ ကျနော်..စကားလုံးသုံးတာတွေ ပြင်ဘို့ 
ထောက်ပြခဲ့ ဘူးပါတယ်...ဆရာလုပ်တာမဟုတ်ပါ...
ကိုယ်က မှန်ပေမယ့် ကိုယ်သုံးတဲ့ စကားကြောင့် ကိုယ်က ဖောင်းဖြစ်သွားမှာ စိုးရိမ်လို့ ပါ...။
အခုလို အရေးအသားလေးနဲ့ ကျ...လာဖတ်သူတွေ အဖြစ်မှန်ကိုလည်း သိရတယ်...
အဲ...နားလဲ ခံသာတယ်ပေါ့ဗျာ...။
ကျနော့် ဘလော့ဂ်မှာ ရေးဘူးပါတယ်..
“ ငွေမပေးရဘဲ အလကားရတဲ့ ဘလော့ဂ်မှာတောင်
လိမ်ညာရေးမှတော့ ၊ဘာသုံးစားလို့ ရတော့မှာလဲ”
ဆိုတဲ့ စကားလေးပါ..။
အင်း....ရှက်တတ်မယ် ဆိုရင်တော့...ဗျာ။
နောက် ဒီကလေးမ ရေးထားပါတယ်..
“ တိုင်းပြည်ရဲ့ အကြီးအကဲ” တဲ့.....။
ဒါသူတို့ ဘာသာ သတ်မှတ်တာပါ...
တိုင်းသူပြည်သားက ချစ်ခင်စွာနဲ့ တရားဝင်ပေးထားတဲ့ 
နေရာ မဟုတ်ပါ....ဒီအတွက် လုံးဝ ထည့်မစဉ်းစားပါ...
ဘလော့ဂ် လောကမှာ....
ကြီးကြီးမာစတာ...အသုံးမ၀င်ပါ။

Anonymous said...

ိကိုသစ်နက်ဆူးပြောတာ မှန်ပါတယ်.... ဝေဖန်တာ ဖြစ်ဖြစ် အမှားထောက်ပြတာဖြစ်ဖြစ်... မတရားတာကို မတရားကြောင်း ထောက်ပြတဲ့ နေရာမှာ... ကိုယ့်ဖက်က အမှားမပါအောင် ယဉ်ယဉ်ကျေးကျေး ရေးတာ သိပ်ကောင်းပါတယ်... အရှက်မရှိ.. အာဏာရူးတွေရဲ့ အမျိုးတော်ပါတယ်ဆိုပြီး... ကြွေးကြော် ခြိမ်းခြောက်နေတာ ရှက်တတ်ရင် ဘလော့ပိတ်ဖို့ကောင်းနေပါပြီ.... သူ့ဖက်က လိုက်လံ အားပေး ထောက်ခံ နေတဲ့သူတွေလည်း အမှန်ဖက်က ရပ်တည် ရေးသား ဆုံးမသင့်နေပြီလို့..ထင်ပါတယ်.... အထူးသဖြင့် အမေရိက က မောင်တီးတို့.. ကိုရန်အောင်တို့... အမှန်ဖက်က ရပ်တည်ရေးသားသင့်နေပါပြီ...... တိုင်းပြည်ကို လိမ်ညာ ခိုးဆိုးနေတဲ့သူရဲ့ သွေးကို ဘလော့လောက က လူတွေက မဆုံးမ နိုင်ကြတော့ဘူးလား.... သိချင်ပါတယ်.....အမှန်ကို မြင်နိုင်ကြပါစေ....

Unknown said...

အချက်အလက် တိတိကျကျ မှန်မှန်ကန်ကန်နဲ့ စိတ်ရှည်လက်ရှည် ဖော်ထုတ်ပေးတာရော၊ ယဉ်ကျေးသိမ်မွေ့တဲ့ အသုံးအနှုန်းတွေ သုံးထားလာရော ချီးကျူးပါတယ်။
ဖတ်ရင်း ရယ်နေရတာ ခုထိပဲ။ တခြား စိတ်ညစ်စရာတွေတောင် မေ့သွားတယ်။

အနွေးထည်အင်္ကျီပို့စ် ဖတ်ပြီးတော့ မသင်္ကာလို့ အရင်လို ကော်ပီတွေများလားဆိုပြီး အင်တာနက်မှာ ရှာကြည့်သေးတယ်။ မတွေ့ဘူး။ ခင်ဗျားတို့် ဘယ်လိုများ ရအောင် ရှာလိုက်တာလဲ။ နည်းလေး ဝေမျှပါဦးဗျာ။ တကယ် လေးစားပါတယ်။

ck said...

You can do this method for the photo look up -
For example

1) Go to http://soemyanandarthetlwin.blogspot.com/search?updated-max=2008-11-27T15%3A08%3A00Z&max-results=3

2) Double click the photo Spaghetti with Smoked Haddock and Prawns
Pop up windows may appear with the photo only as http://1.bp.blogspot.com/_aMtDb5MlN2k/SSyKjc65pzI/AAAAAAAABfE/Y-48uIArH9g/s1600-h/2759013795_9783a12145.jpg

3) Right click the photo, and choose property. Another window may appear as element properties.

4) Copy the last line - 2759013795_9783a12145.jpg

5) Do google search under "IMAGE" tab. You will get the search result http://images.google.com/images?q=2759013795_9783a12145.jpg&ie=utf-8&oe=utf-8&rls=org.mozilla:en-US:official&client=firefox-a&um=1&sa=N&tab=wi

5) Double click the photo - http://images.google.com/imgres?imgurl=http://farm4.static.flickr.com/3063/2759013795_9783a12145.jpg%3Fv%3D0&imgrefurl=http://flickr.com/photos/luscioustemptations/2759013795/&usg=__nYl8T-pzOZCs-inPsUN2WaMJdek=&h=375&w=500&sz=159&hl=en&start=1&sig2=Omd44TOTb_-0AJ4qYahSCQ&um=1&tbnid=795s9KEr47rAqM:&tbnh=98&tbnw=130&ei=LwAvSeHzKYuksAPlnZD1CA&prev=/images%3Fq%3D2759013795_9783a12145.jpg%26um%3D1%26hl%3Den%26client%3Dfirefox-a%26rls%3Dorg.mozilla:en-US:official%26sa%3DN

Bingo!

ဆောင်း said...
This comment has been removed by the author.
ကေကေ said...

သူခိုးမကြီးပေါ့
comment တောင်ရေးလို့မရတော့ဘူး
စာလာဖတ်တဲ့သူတွေကိုလဲ
အသလွတ်စော်ကားထားသေးတယ်
ကိုယ့်ကိုတော်တောအထင်ကြီးပုံဘဲ..
သူက julystar blog ကိုတောင်link လုပ်ထားသေးတာ..
အခုလိုဖေါ်ထုတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်...

mabaydar said...

I solute you for the technic of finding her copy photos. U must have a good IT background. I am happy to read that ur post has been more merrier to read compare to last time. More polite way but still funny. U are really good writer. Thank for the info and enlighten the rest of the blogger who don't know anything. I am nither her enemy nor ur friend. But i do appreciate own work. Keep on writing.

ဆောင်း said...
This comment has been removed by the author.
ဆောင်း said...
This comment has been removed by the author.
said...

ha ha . Admire yr work. Great job. I dun mind if that person is using all those stuff and give credit to the owners. But that Oxford Lady is totally a pain in the ass. LOL

said...
This comment has been removed by the author.
Unknown said...

တကယ့်အပြင်မှာ ဒီလို လူမျိုးကို မျက်နှာ မော်ကြည့်ဖို့ မပြောနဲ့ လေလေးနဲ့တောင် တောက်လို့မှ မရတာပဲလေ။ ရမယ်ဆို လုပ်ကြည့်လိုက်။ ဘာဖြစ်သွားမလဲ သိသွားမှာပေါ့။

ကြောက်ပြီး ရှက်ပြီးများ ဘလောဂ့် ပိတ်သွားမယ် ထင်နေလား။ ဘယ်သူ ဘာပြောပြော ဘာထင်ထင် ဒီဘလောဂ့် ဒီအတိုင်း ရှိနေမှာပါပဲ။

(သေချာတာကတော့..ရူးနေတာပဲ..၊ ဒီ့..ထက်သေချာတာကတော့..
ဆွေစဉ်မျိုးဆက်ကိုရူးနေတာ..၊ ကိုယ့်ဘာသာ..ဘယ်သူမှမျက်စိမနောက်အောင်..
ရူးရင်တော့..ဘယ်သူမှ
ဘာမှ..စိတ်မ၀်ငစားကြဘူးပေါ့..။ မျက်စိနောက်လာရင်..
ရွာသာကြီးဖမ်းပို့ပစ်လိုက်မယ်..
တစ်ဆွေလုံးတစ်မျိုးလုံး..)

Unknown said...

တော်တော်အရှက်မရှိတဲ့ဟာမပဲ။ ဒီဟာမဟိုတစ်ခါလုပ်သလိုပဲ နောက်တစ်ခါ အရှက်မရှိထပ်လုပ်ပြန်ပြီ။ ဒါကို မျက်နှာပြောင်တိုက်တယ် ခေါ်တယ်။ အရှက်မရှိစာဖတ်သူကိုလည်းစော်ကား သေးတယ်။ ခွင့်လွှတ်လိုက်ပါဗျာ။ သူခိုးမျိုးရိုးပဲ။ မခိုးရရင် ဘယ်နေနိုင်မလဲ။

ခင်ဗျားတို့ကို အရမ်းချီးကျူးတယ်ဗျာ။ နောက်ထပ်လည်းဒီဟာမထပ်ပြီးခိုးနိုင်ပါစေ။ ခင်ဗျားတို့ လည်း ရှေ့ဆက်ပြီးအဲဒီသူခိုးမကိုဖော်ထုတ်နိုင်ပါစေဗျာ။

Htoo Myat said...

အင်း... ခများတို့ ဘလောဂ့် စစခြင်းမှာ ချီးကျူးမိလို့ ကျနော့်နှယ် သူများ အသားလွတ် အထင်ကြီး ခံလိုက်ရပြီးကတည်းက ခပ်လန့်လန့်ဖြစ်နေတာ... အခု ခများ အရေးအသား သိပ်ကောင်းလွန်းတာ မချီးကျူးပဲ မနေနိုင်တော့လို့ပါဗျာ... တကယ်ကောင်းတယ်။ :) သခိုးကိစ္စနဲ့တော့ ဘာမှမပြောတော့ပါဘူး။ အရပ်က ၀ိုင်းရိုက်တာနဲ့ လုံလောက်နေပါပြီ။ :D

ဆောင်း said...
This comment has been removed by the author.
Ye Lin Ko said...

မှတ်သား ဆင်ခြင်ဖွယ်တစ်ခုပါပဲ။

Unknown said...

ညီမငယ် စိုးမြတ်နန္ဒာသက်လွင်
(ဆက်သွယ်ရ မလွယ်လို့ လာဖတ်နိုင်မယ့် ၁၀၀၁ ဘလော့ကို လာရေးလိုက်တာ ဘလော့ရှင်တွေကို တောင်းပန်ပါတယ်။)

ညီမလေး စိတ်ထဲက ဖြစ်ချင်တာတွေကို စိတ်ကူးယဉ် ဖန်ဆင်းပြီး ရေးတာ ညီမ စိတ်ချမ်းသာရမှန်း နားလည်ပေးနိုင်ပါတယ်။ ဒီနေရာမှာ ပြောချင်တာက ညီမကျန်းမာရေးပါ။
စိတ်ပညာ ဆရာဝန်တစ်ယောက်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အစ်မတစ်ယောက်လို အကြံပေးချင်တယ်။ ဒါ ဘယ်သူ့ကိုမှ ထုတ်ပြောနေစရာ မလိုပါဘူး။ လူလဲ မသိပါဘူး။ ညီမလေး ဆရာဝန်နဲ့ တွေ့ပါ။ ပြောပြပြီး အကြံဥာဏ်ယူပါ။ စိတ်တည်ငြိမ်အောင် ဘာသာတရား အကူအညီလဲ ယူပါ။ အစ်မတို့လဲ လောကဓံ ကြုံလာရင် ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ ကြံ့ကြံ့ခံရပါတယ်။ မဟုတ်ရင် စိတ်ကို လွှတ်ချင်တိုင်း လွှတ်ပေးထားမိပြီး ဂယောက်ဂယက် ဖြစ်သွားပြီပေါ့။

စိတ်ပညာ ဆရာဝန်တွေကို သူတို့ဆီက ထင်ပေါ်ကျော်ကြားသူတွေ၊ သူဌေးတွေလဲ လာတွေ့ကြပါတယ်။ စိတ်ဖိစီးလာရင် လုပ်နေကျပါ။ ဒါ ကိုယ့်ပုဂ္ဂိုလ်ရေးဆိုတော့ ဆရာဝန်ကလဲ ဘယ်သူ့မှ ထုတ်မပြောရပါဘူး။ ညီမလေး မိဘအရွယ် စိတ်ပညာ ဆရာဝန်ကြီး တစ်ယောက်ကို သွားတွေ့ပါ။ မိခင်ဖခင်လို သဘောထားပြီး အကြံဥာဏ်ယူပါ။

ကိုယ် ဖြစ်ချင်သလို မဖြစ်တာ လူ့သဘာဝပါ။ ချမ်းသာချင်တာ၊ မိဘ ဂရုစိုက်ခံချင်တာ၊ ပညာတော်ချင်တာ၊ ချမ်းသာတဲ့ အသိုင်းအဝိုင်းက မွေးဖွားသူ ဖြစ်ချင်တာ၊ အရမ်းချစ်တဲ့ ချစ်သူတစ်ယောက် ရချင်တာ စတဲ့ ညီမရဲ့ စိတ်ထဲက ဆန္ဒတွေကို ဖောက်ခွဲမိရာကနေ ညီမ မလိုချင်ဆုံး အကျိုးဆက်တွေ အခု ရကုန်ပြီ။

ကိုယ်က လူတကာ ဝိုင်း ဂရုစိုက် ခံရသူ ဖြစ်ချင်ရင် ကိုယ်က လူတွေကို ဂရုစိုက်ပေး၊ မေတ္တာထားပေးရင် ညီမ အလို ပြည့်မှာပါ။ အခု ရင်ထဲက ဆန္ဒတွေ ပြည့်ချင်ရင် စိတ်ကူးယဉ်နေလို့ မရပါဘူး။ ဘာလုပ်ရမလဲဆိုတာ ဆရာတော် ဦးဇောတိကတို့၊ အရှင်ဆန္ဒာဓိကတို့၊ ဆရာတော် ရဝေနွယ်တို့ စာတွေ၊ မင်းကွန်းဆ၇ာတော်ကြီးရဲ့ တရားတွေမှာ အဖြေရှိပါတယ်။ ညီမလေး ရှာဖတ်ကြည့်၊ နားထောင်ကြည့်ပါ။

ဘာသာရေးစကားတွေ ဘာကြောင့် လာပြောနေရသလဲဆိုတော့ ညီမငယ် ခံစားနေရတာတွေက ဘာသာရေးနဲ့မှ ဖြေရှင်းနိုင်မှာမို့ပါ။ တော်ရုံ ကြီးပွားချမ်းသာချင်တယ်ဆို အလုပ်ကြိုးစားလုပ်၊ ဥာဏ်လဲစိုက်လို့ ပြောရင် လုံလောက်ပါတယ်။ ညီမက ချမ်းသာချင်ရုံတင်မကဘူး။ ကံနဲ့ပါ ဆိုင်တဲ့ ရုပ်လဲ လှချင်တယ်၊ ကျော်လဲ ကျော်ကြားချင်တယ်၊ ဂရုစိုက်လဲ ခံချင်တယ် စတဲ့ ဆန္ဒတွေပါ ရှိလာလို့ ကံကောင်းအောင် အရင်ပြင်ရမှာမို့ ဘာသာရေးအကူအညီ ယူဖို့ အကြံပေးတာပါ။
မဟုတ်တာ ပြောလို့ လူလေးစားတယ်၊ အထင်ကြီးခံရတယ်ဆိုတာ မရှိပါဘူး ညီမလေး။ မသိခင် ခဏပါ။ ညီမလေး မှန်တဲ့ စကားကိုပဲ ပြောတာကို တစ်လလောက် အကျင့်လုပ်ကြည့်ပါ။ အကျင့်လုပ်ကြည့်ရင်း စိတ်ချမ်းသာလာပြီး နောက် လိမ်ပါဆိုတောင် မလိမ်ချင်တော့တဲ့သူ ဖြစ်လာပါလိမ့်မယ်။

ညီမငယ်ဟာ အင်တာနက်လဲ စိတ်ကြိုက်သုံးနိုင်၊ လွတ်လပ်တဲ့ နေရာမှာလဲ နေရ၊ ကံသိပ်ကောင်းနေသူပါ။ ပြည်တွင်းမှာ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲနေတဲ့ တို့ပြည်သားတွေနဲ့ ယှဉ်လိုက်ရင် ညီမ ဘယ်လောက် ကံကောင်းလဲ သိမှာပါ။ ဒီလောက်ဆို လောလောဆယ် ရောင့်ရဲကျေနပ်ပြီး ဒီထက် ဆက်တိုးတက်အောင် ရိုးရိုးသားသား ကြိုးစားပါ။

ညီငယ်တစ်ယောက်ဆိုရင်တော့ ယောက်ျားဖြစ်ရတာ ဘာမှ ရှက်စရာ မလိုတာမို့ ကိုယ့်ကိုယ့်ကိုယ် မိန်းကလေးအဖြစ် စိတ်ဖန်ဆင်းနေမိတဲ့ အကျင့်ကို ဖျောက်လိုက်ဖို့ မောင်ငယ်လို အကြံပေးပါရစေ။

ညီမဖြစ်ဖြစ် မောင်လေးဖြစ်ဖြစ် တရားရိပ်သာ တစ်ခုမှာ တစ်လလောက်၊ အချိန်မရရင်လဲ ၁၀ ရက်လောက် တရားအားထုတ်ပြီး စိတ်သစ်လူသစ် ဘဝသစ် မွေးမြူဖို့ အကြံပေးပါရစေ။ အကောင်းဆုံး ခွန်အားဥာဏ်အားတွေ ရလာပါလိမ့်မယ်။

အဲဒီကျရင် ရိုးသားဖြူစင်တဲ့ လူသားတစ်ယောက်အဖြစ် ကိုယ်စိတ်ဝင်စားရာနယ်ထဲ တစ်ကျော့ပြန် လာခဲ့ပါ။ အောင်မြင်မှာပါ။

Anonymous said...

ဒီနေရာမှာ ပြောချင်တာက ညီမကျန်းမာရေးပါ။
စိတ်ပညာ ဆရာဝန်တစ်ယောက်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အစ်မတစ်ယောက်လို အကြံပေးချင်တယ်။ ဒါ ဘယ်သူ့ကိုမှ ထုတ်ပြောနေစရာ မလိုပါဘူး။ လူလဲ မသိပါဘူး။


တဲ့


ဒီတစ်ယောက်ကပြောမှ နန်နန်လဲ ရစရာကို မရှိတော့ဘူး... အီးဟီးဟီး...

Steve Evergreen said...
This comment has been removed by the author.
Unknown said...
This comment has been removed by the author.
Unknown said...

ကျနော်ကတော့ရှင်းရှင်းပဲပြောချင်တယ်
အာဏာရှင်မျိုးရိုးမှဆင်းသက်လာတော့
ငါ့မြင်းငါစိုင်းစစ်ကိုင်းရောက်ရောက်ဆိုတဲ့
ဆောင်ပုဒ်အတိုင်းပညာမဲ့လူတန်းစားတွေ
လိုကိုယ်ရေးချင်တာရေးထားခြင်းဖြစ်ပါ
တယ်။မိမိကိုယ်တိုင်ကမြန်မာဘလော့တခု
ဖန်တီးနေပြီးမြန်မာတွေကဘာဖြစ်တယ်ညာ
ဖြစ်တယ်ဆိုပြီးဝေဖန်ထားခြင်းမှာမိမိကိုယ်
ကိုမျိုးမစစ်လို့ ကြေညာနေသလိုပင်ဖြစ်သည်။
ဘလော့တခုလုပ်ပြီးဘလော့၏စည်းမျဉ်းစည်း
ကမ်းများကိုချိုးဖောက်ကာသူတပါး၏ကဗျာများ
ဝတ္တုများကိုခိုးယူဖော်ပြနေခြင်းမှာအာဏာရှုးသူ
ခိုးများမှဆင်းသက်လာကြောင်းဝန်ခံနေသ
လိုပင်ဖြစ်သည်။မိမိအနေဖြင့်မည်သည့်တက္ကသိုလ်
ကြီးတွင်ပညာသင်သင်၊မည်သည့်နိုင်ငံတွင်ပင်
နေနေ စဉ်းစားရန်လိုသည်မှာဘယ်မှရသောပိုက်
ဆံတွေနှင့်ဖြစ်သနည်း၊ရှင်းပါသည်။ပြည်သူလူထု
ဆီမှခိုးဝှက်ထားသောပိုက်ဆံတွေနှင့်သာ
ဖြစ်ပါသည်။ထို့ ကြောင့်တခုသတိပေးချင်သည်
မန်မတက်နှင့်၊မျက်နှာပြောင်မတိုက်နှင့်။ဘလော့
တခုကိုလုပ်နေသောဘလော့ဂါတယောက်
အနေနှင့်စာဖတ်ပရိသတ်အပေါ်တွင်မန်မတက်
သင့်ပေ၊မျက်နှာပြောင်မတိုက်သင့်ပေ။
ကျနော့်အနေဖြင့်အနှီအမျိုးသမီး၏ဘလော့
အကြောင်းနှင့်ပတ်သတ်၍အရေးလုပ်ပြီးရေး
သားချင်စိတ်ပင်မရှိပါ။စာဖတ်ပရိသတ်အား
ဆက်လက်၍မစော်ကားရန်သတိပေးရခြင်း
သားဖြစ်ပါသည်။သို့ သော်ကျနော့်အနေ
ဖြင့်အနှီဘ၀င်ရှုးပြောသလိုသူမ၏ဘလော့
hitsများများတက်စေရန်ဆန္ဒရှိပါသည်။
အဘယ့်ကြောင့်ဆိုသော်ကျနော့်တသက်တာ
တွင်ဘလော့သူခိုးကိုမမြင်ဖူး၊မကြားဖူးခဲ့ပါ။
ယခုမှပင်မြင်ဖူးပါတော့သည်။ထို့ ကြောင့်ပြည်
သူလူထုအားလည်းထိုဘလော့ကိုဝင်ရောက်
ကြည့် ရှုရန်းတိုက်တွန်းအပ်ပါသည်။သို့ မှ
သာနောင်တချိန်မိမိကိုယ်ပိုင်ဘလော့တခု
လုပ်လျင်အနှီသူခိုးမလိုမျက်နှာပြောင်တိုက်
ခိုးယူမှုများမလုပ်မိစေရန်သင်ခန်းစာယူ
ဖို့ ရည်ရွယ်ခြင်းဖြစ်ပါသည်။အားလုံးကို
လေးစားပါသည်။(သူခိုးများမှလွဲ၍)

ချိုသာတေး said...
This comment has been removed by the author.
ချိုသာတေး said...

စစ်အစိုးရ မျိုးဆက်ပဲကွာ။ မျက်နှာပြောင် တိုက်ရဲတာ မထူးဆန်းပါဘူး။ သူ့ ဟာသူ ဘယ်သူ့  သမီး မကလို့ ဘာကြီးပဲ ဖြစ်နေနေ လူဟာ လူပါပဲ။ လူကြားထဲမှာ နေရင် လူ့ ကျင့်ဝတ်ကို လိုက်နာပါရတယ်။ ကိုယ်က ဘယ်သူ့  သမီးမို့  ဘယ်ဝါ့သမီးမို့  မာန်တွေ စွတ်တက်ပြီး ကြိမ်းမောင်းနေတာ သိပ်ရှက်ဖို့  ကောင်းပါတယ်။ ရှက်တတ်ရင် လဲသေလိုက်လို့  ရနေပါပြီ။

စစ်အစိုးရ မျိုးဆက်ပေမို့ ပါပဲ။

ပြောချင်ရာ ရှက်ရမ်းရမ်း ရူးနှမ်းနှမ်းနဲ့  ပြောပြီး ကွန်မန့်  ပိတ်ထားတယ်။ သတ္တိရှိတယ်ဆိုရင် ဖြေရှင်းပေါ့။

ဂုဏ်ပကာသနတွေနဲ့  ပြောင်ပြောင်ရောင်ရောင် နေနိုင်နေပေမယ့်လည်း၊ စိတ်ဓာတ်က မြေကြီးထဲကကို မထွက်နိုင်တာ တော်တော်လေး သနားဖို့  ကောင်းတယ်။

ငါယုံကြည်ရာ ငါ့ကမ္ဘာ said...

အစ်ကိုရေ Bravo! ညီမတို့လို ဘလော့လောကမှာ စမ်းတ၀ါးဝါးသမားတွေဆိုရင်တော့သူဘာလုပ်နေနေ သိမှာမဟုတ်ဘူး။ အရေးအသားတွေကြည့်ပြီး အမြင်ကပ်နေတာပဲရှိတယ်။ အခုလိုပြောပေးမယ့်သူတွေရှိနေတော့ ဘလော့လောကကြီး သန့်ရှင်းလာမယ်လို့မျှော်လင့်ပါတယ်။

Unknown said...

ရှက်တက်ရင်လဲသေဖို့ ကောင်းပါတယ်
ရှက်ရမ်း ရမ်းပြီး ရေးထားတာတွေက စိတ်မနှံ့ သူတယောက် မှန်းသိသာပါတယ်။

Unknown said...

အဲဒီလောက်စောက်ရှက်မရှိတဲ့မိန်းမဟာကိုယ့်ကိုကိုယ်တောင်
ရူးနေမှန်းသိရဲ့လားလို့မေးချင်တယ်။သူခိုးကလူပြန်ဟစ်တဲ့စောက်
ရှက်ကုန်လူတန်းစားဆိုတာအထူးကြေငြာနေစရာမလိုပါဘူး။အာဏာရူးကြီးတွေရဲ့မျိုးဆက်မှန်းသိပ်သိပါတယ်။
အခုအချိန်မှာအစွမ်းကုန်ရူးလို့ရနေသေးပေမယ့်ကျဆုံးတဲ့
အချိန်ရောက်ရင်တော့ခွေးလိုသေရမယ့်မျိုးဆက်တွေဆိုတာ
သတိပေးလိုက်ပါရစေ။ထမင်းအောင်စားထားပေါ့ဟုတ်လား။ျ

Unknown said...

ကျမကတော့ မစိုးမြတ်နန္ဒာသက်လွင် အကြောင်းမသိသလိုယခုဘလော့ကိုလည်း ခုမှ ၀င်ဖတ်တဲ့ လူဖြစ်ပါတယ်..ဒါပေမဲ့ ကျမအနေနဲ့ တွေ့ ရတာ တခုကတော့ လူတယောက်စာတခုကို ရေးတယ်ဆိုတာ လူတွေကို ရသတခုခု ဖြန့် ဝေပေးတာမျိုး (သို့ ) သတင်းတခုခုဖြန့် ဝေတာမျိုး ပုံစံအမျိုးမျိုးနဲ့ ဘလော့ရေးကြပါတယ်..ဒါပေမဲ့မနန္ဒာ ရဲ့ ဘလော့က စာဖတ်သူတွေကို ဘာအကျိုးမှ မရစေပဲ လူတွေကို လောဘ အလိုရမ္မက်ကြီးအောင် ဆွဲဆောင်နေတာနဲ့ တူနေတယ် မြန်မာပြည်မှာ ငတ်မွတ်ခေါင်းပါး မွဲတေ နေသူများကို ကိုယ်ချင်းမစာလျှင်သော်မှ အားနာသင့်တယ်..ကျမ ဆိုလိုတာက မနန္ဒာဘယ်လို ပဲနေနေ ဘယ်လိုပဲစားပါစေအုံးတော့ ဘလော့တခုပေါ်မှာ အကြီးအကျယ်နဲ့ ရေးရမဲ့ ကိစ္စတခုမဟုတ်ဘူးလို့ ထင်တယ်..ဒါမျိုးက ပိုက်ဆံရှိတဲ့ လူတိုင်း နိုင်ငံခြားရောက်နေတဲ့ လူတိုင်း ပုံမှန်လုပ်နေတဲ့ နေ့ စဉ်အလုပ်တွေပါ.. ဘလော့ပေါ်မှာ အင်တာနက်စာမျက်နှာပေါ်မှာ တင်ပြီး ကြွားသလိုလို ဘာလိုလို လုပ်နေမဲ့ အစား ကိုယ်ပိုင် ဒိုင်ယာရီထဲမှာရေးတာက ပိုအကျိုးရှိမယ်လို့ ကျမထင်ပါတယ်..မနန္ဒာပြောသလို မကြိုက်ရင်လာမဖတ်နဲ့ ပေါ့ အချိန်ကုန်တယ်ဆိုသလိုပဲ မှန်ပါတယ်အချိန်ကုန်တဲ့  ဘလော့တခုကို နောက်လည်းဖတ်ဖို့ အစီအစဉ်မရှိတော့ပါဘူး...

Unknown said...

ကျမသည် ခရစ်စမတ် ကျောင်းပိတ်တော့မည်ဖြစ်သဖြင့်ပထမစန်မတ်စ်တာ စာမေးပွဲများနှင့်ပိနေရာမှ စိတ်ပြေလက်ပျောက်ဖြစ်စေရန် ဘလော့များသို့ ဝင်ဖတ်လိုက်ရာ မစိုးမြတ်နန္ဒာသက်လွင်၏ ဘလော့လေးအားဖတ်မိလိုက်ရာ မျက်စိလည်းကျယ် ဥာဏ်လည်းပွင့်..ရီလည်းရီရ သဖြင့်ဘာပဲပြောပြော ကျေးဇူးတော့ တင်မိပါသေးသည်...မစိုးမြတ်နန္ဒာဆောင်းတွင်းစီးရန်ဝယ်ထားသည့် ဖိနပ်နှင့် ၂Gရိုက်ပေးသည်ဆိုသော အောက်ပိုင်းအလှပုံပါဖိနပ်တို့ သည် ဆိုဒ်ခြင်းကွာခြားနေပါသည်.. စေတနာနှင့်သတိပေးခြင်းဖြစ်ပါသည်.. သတိထားပြီး ရေးပါရန်..။ ခေါင်မေလတ်

strike said...

စောက်ရှက်မရှိတဲ့မိန်းမ/အကောင်-စိုးမြတ်နန္ဒာသက်လွင်
ရှက်ရမ်း ရမ်းပြီး ရေးထားတာတွေက စိတ်မနှံ့ သူတယောက် -စိုးမြတ်နန္ဒာသက်လွင်
သူခိုးကလူပြန်ဟစ်တဲ့စောက်
ရှက်ကုန်လူတန်းစား-စိုးမြတ်နန္ဒာသက်လွင်
ခွေးလိုသေရမယ့်မျိုးဆက်-စိုးမြတ်နန္ဒာသက်လွင်
သေချာတာကတော့..ရူးနေတာပဲ-စိုးမြတ်နန္ဒာသက်လွင်
သူခိုးမ/ကောင်-စိုးမြတ်နန္ဒာသက်လွင်

Luscious Temptations said...

I am angered and disgusted by the theft of my photographs and material; used and passed off as another's original piece of work. I appreciate that I do not understand a majority of what is written on your blog, nor in the blog where my original material has featured, but I kindly ask for more information on on this theft, if you have any.

Thank you.

strike said...

Ohh dear.. "SMNTL" watch out! real owner is coming"Luscious Temptations".

phonecrazy said...

၁၀၀၁ တို့ကို အနှီဖော်ထုတ်မူအတွက် အရမ်းကျေးဇူးတင်တယ်။ ဂျူလိုင်စတားထဲက ကြည့်နေတာတော့ ကြာဘီ..။ ဒီလိုမျိုးမငြင်းနိုင်တဲ့ အခြေအနေထိရောက်အောင် ဖော်ထုတ်ပေးလိုက်တဲ့ အရည်အချင်းကို မလေးစားဘဲ မနေနိုင်ဘူး..။ကျနော်လဲ တစ်ခါတစ်လေ ဟာသတွေရေးရင် အင်္ဂလိပ်ဟာသတွေကို မြန်မာလိုပြန်မိပါတယ်။ အခုမှ ရှက်ရကောင်းမှန်းသိပြီ။

စိုးမြနန္နာသက်လွင်ဆိုတဲ့ (ရှည်လိုက်တဲ့ နာမည်....) အနှီအမျိုးသမီးအကြောင်းကိုလည်း အလုံးစုံသိအောင် စုံစမ်းပေးစေချင်တယ်။ ပိုပြီးရှက်စေချင်လို့ပါ..။

တခြားမြန်မာဘလောခ့်ဂါတွေလဲ copy right ကို သတိထားရှောင်နိုင်ကြရအောင်ပေါ့။

ဒီလောက်မျက်နှာပြောင်တိုက် လိမ်ရဲမှတော့ ထိုအမျိုးသမီးဟာ မိန်းမကောင်းမဖြစ်နိုင်ပါဘူး။
ပိုက်ဆံချမ်းသာတောင်မှ ပျက်စီးတဲ့အသိုင်းအ၀ိုင်းက ဖြစ်မယ်..။
`အလိမ်အနှက် အကြွားအ၀ါဘလောခ့်ဂါပိုင်ရှင် စိုးမြတ်နန္နာသက်လွင်´ပြောသမျှလဲ မယုံကြပါနဲ့လို့သာ
စာဖတ်ပရိသတ်ကို တိုက်တွန်းရင်း........
ထိုဘလောခ့်အားမသွားချင်းဖြင့် အစော်ကားခံ ရန်မှ လည်းကောင်း၊ သူမလိုချင်တောင့်တလျက်ရှိသော ဘလောခ့်ဟစ်တက်ရန်မှ လည်း ကာကွယ်ကြပါကုန်...။
ပြီးပါဘီ

strike said...

အခု၊ “စိတ်တိုနေတယ်။ တိုတာမှ တစ်စက်စက် တုန်နေလောက်အောင်ကို စိတ်တိုနေတယ်”။ ဒီအကြောင်းကို ရေးသင့်၊ မရေးသင့် စဉ်းစားနေတာကြာလှပြီ။ ဟန်မဆောင်တတ်တဲ့ ကျမ၊ စိတ်ထဲရှိရာ ပြောရမှ ကျေနပ်တဲ့ ကျမ ၊ ဒီစာကို ရေးဖို့ကို စဉ်းစားခဲ့တာ တစ်လ ကျော်ခဲ့ပြီ။ အခုတော့ “ဆက်လက်သည်းညည်းမခံနိုင်တော့လို့ ဖြစ်ချင်တာဖြစ် ပေါက်ကွဲပစ်လိုက်တော့မယ်”။

ဒီလိုရှင့်။ "ကျမမှာ အချိန်မရှိဘူး၊ အချိန်မရှိဘူး." ....လို့ ပို့စ်တွေထဲမှာ ခဏခဏ ထည့်ရေးဖူးတာ သတိထားမိလားမသိဘူး။ အဲဒါ တစ်ကယ်ပြောတာရှင့်။ လူကြားကောင်းအောင် ၊ လူအထင်ကြီးအောင် လျှောက်ပြောနေတာမဟုတ်ဘူး။
ကျောင်းက တစ်ဖက်၊ အလုပ်ကတစ်ဖက်နဲ့ အားကို မအား။ တစ်ခါတစ်လေများဆို တစ်နေ့နေလို့ (5)နာရီ အိပ်ရရင် ကံကောင်းလို့ ပြောရလောက်အောင် အချိန်ရှားပါးတာ။ ဒီလောက်မအားတဲ့ကြားက မရရအောင် ပို့စ်ရေးတယ်။ (အိပ်ချိန်လျှော့ပြီးတော့ပေါ့။အဲလောက်ကို Blog ကို သံယောဇဉ်ရှိတယ်။ စာဖတ်သူတွေ လာလည်ရင် လာလည်ရကျိုးနပ်အောင်လို့ အတတ်နိုင်ဆုံး တစ်နေ့တစ်ပို့စ်ရအောင် ရေးတယ်။ ဘဝနဲ့ ယှဉ်ပြီး အရေးကြီးတဲ့ စာမေးပွဲကာလတွေမှာတောင် “မရရအောင် ပို့စ်တင်ပေးသေးတယ”်။ ရူးတယ်ပဲဆိုဆို အဲလောက်ထိ Blogကို သံယောဇဉ်ကြီးတယ်။
ကျမက အဲလောက် Blogကိုသံယောဇဉ်ရှိ၊ စာဖတ်သူတွေကို အလေးထားသလောက် ကျမပြန်ရလိုက်တာကတော့ တော်တော် ခံပြင်းဖို့ကောင်းတယ်သိလား။ လူတွေ၊ လူတွေ။ တော်ရုံတန်ရုံပဲ ကြောကြရင် ကောင်းမယ်။ ဟုတ်တယ်။ ရေးရင်းနဲ့တောင် စိတ်တိုလာပြီ အဟုတ်။

“ဘယ်လိုလူတွေမှန်း မသိဘူး။ Blog ကို လာလည်တယ်။ စာတွေလာဖတ်တယ်။ Comment ရေးဖို့နေနေသာသာ၊ C-box မှာတောင် မနှုတ်ဆက်ဘူး။ ဘယ်လောက်တရားကျဖို့ကောင်းလဲ”။
“လာဖတ်တယ်ဆိုကတည်းက ကျမစာတွေကို ဖတ်ချင်လို့ပေါ့ မဟုတ်ဘူးလား။ ကျမစာတွေထဲမှာ သူတို့အတွက် အကျိုးရှိတာတွေကော၊ အကျိုးမရှိတာတွေကော ပါကောင်းပါပါလိမ့်မယ်”။ ဒါပေမယ့်၊ လာလည်ပြီး ဖတ်သွားပြီလေ။ “မဖတ်တောင် ရောက်တော့ ရောက်ခဲ့ပြီမလား။ ဘာလို့ C-boxမှာတောင် မနှုတ်ဆက်နိုင်ရတာလဲ။” “ဘာလို့ အဲလောက် ကြီးကျယ်ကြတာလဲ။ ဘာလို့ အဲလောက်လူပါးဝရတာလဲ။”

“C-box မှာ နှုတ်ဆက်ဖို့တောင် အချိန်မရှိရင် လာကိုမလာပါနဲ့လား။ သူများရေးထားတဲ့စာတွေကို အကြောကြီးနဲ့ လာဖတ်ပြီး နှုတ်တောင် မဆက်နိုင်လောက်အောင် ရှင်တို့က ဘာတွေမလို့လဲ””။
OK ။အဲလောက်တောင်
“”စာရေးသူကို အလေးမထားရင် လာကိုမလာကြနဲ့။ ရိုင်းတယ်ပဲ ဆိုဆို။ နောက်တစ်ခေါက် ထပ်ပြောလိုက်မယ်။
"နင်ရေးတာကို လာတော့ဖတ်မယ်။ Comment ဝေးလို့ C-boxမှာတောင် နှုတ်မဆက်နိုင်ဘူး."..ဆိုရင် လာကို လာမဖတ်နဲ့။ ဟုတ်ပြီနော်။””

“”အချိန်တွေပိုနေလွန်းလို့ အားအားရားရား ပို့စ်ရေးနေတာမဟုတ်ဘူး။ ကိုယ့်မှာရှိတဲ့အတွေ့အကြုံလေးတွေကို မသိသေးတဲ့လူတွေ သိပါစေ. ..... စာမှတစ်ဆင့် အတွေ့အကြုံယူနိုင်ကြပါစေ.....ဆိုတဲ့ စေတနာနဲ့ ရေးနေတာ။
လူတွေ အကြောခံဖို့မဟုတ်ဘူး။””
ဟိုတစ်ခါ ကျမ အရမ်းပျော်နေပါသည်။ Post တင်တုန်းက ပွစိပွစိလာလုပ်ကြတယ်။ ငါတို့လည်း အမာခံပိရိသတ်ပါပဲဆိုပြီး။ အဲဒီအစ်ကိုကြီးအကြောင်း ထည့်ရေးတော့လည်း "ငါတို့ကြမပါဘူး" ဆိုပြီး G-talk မှာစကားနာလာထိုးတဲ့လူက ထိုးသေးတယ်။
“”တော်ပြီ။ တော်တော်စိတ်ကုန်သွားပြီ။ အခုကစပြီး Blogကို Anybody Permission ပေးသင့်မသင့်စဉ်းစားတော့မယ်။
အဲလောက် ကြောတဲ့လူတွေ လာဖတ်မယ့်အစား Only blog authors ပေးပြီး ကိုယ့်ဟာကို တစ်ယောက်တည်း ဖတ်တာပဲ ကောင်းမယ်လို့ စဉ်းစားနေတယ် ။
ဒီအချိုးမျိုး ထပ်ချိုးနေကြသေးရင် Blog ပိတ်တော့မယ်။ ကျမကို ချစ်တဲ့၊ ခင်တဲ့ အမြဲတမ်းစာဖတ်ပိရိသတ်တွေကို အားနာပေမယ့် သူများအကြောခံပြီး ပို့စ်မရေးနိုင်လို့ အခြေအနေကို စောင့်ကြည့်ပြီး ဆုံးဖြတ်တော့မယ်။””

မှတ်ချက်၊ Blog မှာ ရှိတဲ့ Life Traffic Feed က Link တွေကို ကြည့်ခြင်းအားဖြင့် ဘယ်သူတွေ ကျမကို လာကြောနေ၊ လာရင့်နေလည်းဆိုတာကို စုံစမ်းနိုင်တယ်သိလား။ Geo Country counterနဲ့ Hit countersတွေ တစ်နေ့တစ်ခြား တက်နေတာကို ကြည့်ခြင်းအားဖြင့်လည်း လူတွေလာလား၊ မလာလားကို သိနိုင်တယ် ဟုတ်။

http://www.megumi21.com/2008/12/blog-post_15.html

strike said...

Friday, 16 January 2009
Beat It

Posted by My Wonderful Moral Thoughts at 10:52
Buckingham Palace Guards
Across from Hyde Park Corner roundabout, after the statue of the arch to enter Green Park, really want to find out arches above statue is, but it not really easy to find the answer.

http://209.85.173.132/search?q=cache:sG2_MjzD4h8J:soemyanandarthetlwin.blogspot.com/+SMNTL+Hyde&hl=en&ct=
16 Jan 09, 18:43
ဝက်ဝံ: တရုတ်လိုမတတ်လည်း ဂူဂယ်ရှိတယ်

http://translate.google.com.sg/translate?u=http://mysorder.pixnet.net/blog/post/10013662&sl=zh-CN&tl=en&hl=en&ie=UTF-8

Green Park


Buckingham Palace is located in the shade on the north side of Park, is a simple one about the triangle has a layer of green tree park, the vast majority of tourists come here is to take the opportunity to go through the Buckingham Palace, tourists should be made a special trip is one of the few.

In addition to being here to Buckingham Palace, but also from here to Piccadilly Circus (Piccadilly Circus), the next time you come back to introduce the ring.

The Green Park's winter leaves falling all over the floor, this picturesque boulevard is at the end of Buckingham Palace.


Leaves falling all over...,

Somewhere at Green Park

To go in this direction can go to Piccadilly Circus. (Down Town)


Buckingham Palace


~ Buckingham Palace

Buckingham Palace was built in 1702, was originally built for the Duke of Buckingham as the site of Kent, Queen Victoria in 1837 moved to here, from Buckingham Palace has become the British royal family's residence, both office and home functions.

Living members of the royal family, including Queen Elizabeth and her husband the Duke of Edinburgh, as well as the royal staff.

I heard the Queen would like to know whether it is now Buckingham Palace, as long as the rise of the main entrance of the palace to see the top, if the hoisting of the royal family, and indicated that the Queen is inside, and if not that go out to the Queen.

On that day, only to see the British flag, should not be about the Queen was not in the palace, I guess. Probably She was in Windsor Castle as her second home in UK.

Since 1993, Buckingham Palace, opening up the throne room, concert halls and banquet halls for visitors into the garden, which is due to Windsor Castle fire, it is necessary to fix the cost is enormous, the Queen had to break the dynasty precedent, open to the public to visit income derived from the Windsor Castle as repair funding.

Buckingham Palace every morning at 11:30 (10:00 Sundays) of the Guards handover ceremony is the most frequently visited, of course, is no exception to the early and came to Buckingham Palace, seems to have come late, and Buckingham Palace have been completely tourists surrounded.


Monument positive long way. If with this long-winged goddess of stations in the same direction, you can see a wide range of Road The Mall.



The plaza in front of the palace had been packed with tourists waiting for emerging Guards. Plaza Center is a golden angel, eye-catching monuments of Queen Victoria (Queen Victoria Memorial)!

People waiting for Guards come along!!! Camera Ready..

Palace surrounded by tourists, but also continued influx of landing one after another, this is the square in front of the palace.



The Guard, from spring to autumn, held every day; from autumn to spring every day. Today, the Guard time for 11:30 am.


Male Police Rangers

Spirited female Rangers


Guards & Red hat military band.
They all looked great in their uniform!!

Red Hat military band...

Guards



The left side of the black part of the problem rather than the camera exposure, it is fence railings, which is about five or six tourists toe outside at palace shot.

Black hat with a military band



Playing national anthem..,
God save the Queen!!!



Salute before to play national anthem!!!

Guards have their own Web Site: Take a look at Here.


Buckingham Palace panorama



Exciting to see the Guard in advance. Of course, we must first arrive at Buckingham Palace to seize favorable good location, good position to appreciate in the face of the left side of the palace.

As guards and military band will come from this direction, that is, from the birdcage Road (Birdcage Walk) the direction of the palace to move forward, and then, after the statue before entering the Palace Square, but the road to appreciate the Yingzi Guards.

They will leak at the Imperial Palace guards inside the handover event, as well as a military band playing after the handover performances.

Because this time outside the fence of the palace has not entered a crowded. So will be trade-offs, depending on the march Guards or the transfer of the fence to see only two options I had.

I would suggest to occupy the middle of the fence around the inner ring to appreciate the Guards, more worthy of view, to wait until after the ceremony guard and bands along THE MALL leave, this time can be followed by a camera.

Heard at Buckingham Palace on the square in front of the monument in front of Queen Victoria is a very good location, can be condescending. Find it too far, but if there is a long lens should be a good stand location!

If you can spare two or three minutes time to take a look Guard changes video footage, go here to look at it in YouTube. Enjoy!!!





SMNTL
London, 07:40am
Posted by My Wonderful Moral Thoughts at 06:00
Thursday, 15 January 2009
Twinings Tea and Coffee
Store seems small, the vicinity of the court is in addition to a law firm with the bank.


Do you fancy cup of tea???

Put the kettle on, i am dying to have a tea.

English people cannot live without tea. Yeah!!!
Of course, I am sure english tea are popular around the world as well. No doubts!!


Prior to the United Kingdom have heard a lot of well-known tea, such as:

* Whittard: Since this store everywhere in the United Kingdom, and I date back to the urban areas to take photographs properly introduced.

* Twining: The most famous is Earl Gray. If the cakes eaten white wooden huts, which will be accompanied by several packets of tea bags. British supermarket to buy to obtain a tea, good luck to buy special box of 50 packets of tea bags as long as £1, the only drawback is that the types of supermarkets to sell more than Whittard.

* Harrod's: Will post with pictures soon. In fact, my favourite!!

* Fortnum & Mason: Too few to introduce with pictures. My 2nd favourite.

Very clear, which is to introduce a Twinings. My boyfriend and his family use Twinings only for tea. This is the main reason i was here to get a few tea bags for them. And then put it on blog for my web diary.

Twinings tea is not difficult to buy in Boston as well, the impression that the whole store to buy together, the price seems to be not expensive at all. For me, Of course!! Not sure for others people unless they like to used money on good quality.

In London there is a Twinings Tea House, the location on the opposite the Royal Court.

Right and left open the door is long commodities cabinets, aisle width it probably three or four individuals. Come to an end will have a place to drink tea.

However, as a person I did not drink tea lady of life, bought a box of tea of coffee with the Count left. Because supermarkets sell tea bag. But of course Twinings is different, So came to buy tea!

This side of a number of flower nectar, but also the most famous Earl Gray. This kind of packaging are more common, at least I used to buy the packaging is a long way.

This side has not imported packaged. Tea bag inside a box of 50 bags, look on the very texture, and the carton lid or a double, and brought gifts to really look good, ah ha haa!!

Price although it's not expensive, but the quality of tea is not bad. (I drink you up like this ...)

Time ago to go to study every morning, a cup of tea with lovely bubble, so the cupboard where the possession of a lot of tea bags. Now my cupboard there are still many bags every day for different kinds of attempts to hurry up and finish the tea bags in order to open my tea to taste. Especially for my lovely boyfriend!!

SMNTL
London, 22:30PM
Posted by My Wonderful Moral Thoughts at 22:01
Older Posts Subscribe to: Posts (Atom) မြန်မာသက္ကရာဇ်
၁၃၇၀ ပြာသို လ္ဆုတ် ၆ ရက် - 16-Jan-2009


(Since March, 2008)
ဤဘလောဂ့်ကို ကွန်ယက် ဒိုင်ယာရီအဖြစ် မှတ်တမ်းတင်ခြင်း သက်သက်မျှသာ ဖြစ်ပါသည်။

ဘယ်သူ့ကိုမှ ဒီဘလောဂ့်ကို လာရောက် ဖတ်ရှုဖို့ မဖိတ်ခေါ်သလို ဘယ်လိုပဲဖြစ်ဖြစ် လာရောက် ဖတ်ရှုကြတဲ့ သူများ အနေနဲ့ လွတ်လပ်စွာ ထင်မြင်နိုင်ပြီး သဘောထား ကွဲလွဲနိုင်ပါတယ်။

မကြိုက်ရင် ဒီဘလောဂ့်ကို မလာပါနဲ့။ ဒီနေရာမှာ သုံးမယ့် အချိန်ကို တခြားမှာ သုံးလိုက်ပါ။

လာဖတ်လိုက်လို့ စိတ်ထဲ မကျေမနပ် ဖြစ်သွားရတယ် ဆိုရင် အဲလို ခံစားရတဲ့ လာဖတ်သူရဲ့ အရှုံးပဲ။ ဘာမဖြစ်ဘူး ဖတ်တယ် ဆိုရင် ဒီဘလောဂ့်မှာ သုံးလိုက်ရတဲ့ အချိန်အတွက် မရှုံးဘူးပေါ့။

အချိန်ဆိုတာ တန်ဖိုးရှိတဲ့ အတွက် အကျိုးရှိစွာ သုံးတတ်နိုင် ကြပါစေ။


Live Traffic Feed
Sorry, but Feedjit will not load on websites who use an IP address as their domain name or on web pages that are a search engine's cached page. Please see our FAQ for more info.
Click to get FEEDJIT


SMNTL သည် SMNTL နာမည်ဖြင့်လည်းကောင်း နာမည်ဆင်တူရိုးမှား သို့မဟုတ် တခြားနာမည်ဖြင့်လည်းကောင်း ဘယ်ဘလောဂ့်ရဲ့ Cbox မှာမှ နှုတ်ဆက်ခြင်း ပိုစ့်အသစ် ကြော်ငြာခြင်းနှင့် ကွန်မန့်ရေးခြင်း လုံးဝ လုံးဝ မရှိပါ။

အကယ်၍များ SMNTL နာမည်ဖြင့်လည်းကောင်း နာမည်ဆင်တူရိုးမှား သို့မဟုတ် တခြားနာမည်ဖြင့်လည်းကောင်း လူကြီးမင်းတို့ရဲ့ Cbox မှာဖြစ်ပစေ ဘလောဂ့်ပေါ်မှာ ဖြစ်ပစေ တစုံတခု ရေးသွားခြင်းမျိုး ရှိပါက ဤဘလောဂ့်နဲ့ သက်ဆိုင်ခြင်း လုံးဝ မရှိကြောင်း အသိပေး အပ်ပါတယ်။

သုခိုးမ ခိုးလို့မ၀နိုင်ဘူး

http://209.85.173.132/search?q=cache:sG2_MjzD4h8J:soemyanandarthetlwin.blogspot.com/+SMNTL+Hyde&hl=en&ct=
16 Jan 09, 18:43


ဝက်ဝံ: တရုတ်လိုမတတ်လည်း ဂူဂယ်ရှိတယ်

http://translate.google.com.sg/translate?u=http://mysorder.pixnet.net/blog/post/10013662&sl=zh-CN&tl=en&hl=en&ie=UTF-8

Melodeekid said...

My Wonderful Moral Thoughts.......


ကျွန် သို့မဟုတ် အစေခံ

Posted: 13 Jan 2009 07:13 PM CST
ဒီဘလောဂ့်မှာ ပိုစ့်အသစ်တင်တိုင်း လူတွေ မဖတ်မှာ စိုးရိမ်စရာ မလိုဘူး။

ကိုယ့်ဆီမှာ ကိုယ့်ထမင်းကိုယ် စားနေကြပြီး ကျွန်လုပ် အစေခံခြင်တဲ့ သူများက ဘလောဂ့်တကာပေါ် ကိုယ်ပိုစ့့််ကို အချိန်ကုန်ခံပြီး လိုက်ကြော်ငြာပေးနေလို့ပဲ။ အဲဒီအတွက် Link ကိုရပြီး စာလာဖတ်ကြသူများကို ကျေးဇူးပါ။

ပြောခြင်တာ တခုက ကိုယ့်ဆီမှာ အပြင်လောကမှာတင် ကျွန်လုပ် အစေခံခြင်တဲ့သူတွေ လုပ်ပေးနေသူတွေ ရှိနေရုံမက အင်တာနက်ပေါ်မှာပါ လာပြီး ဘာမှပြောစရာမလိုပဲ ကျွန်လုပ် အစေခံလာကြတော့ ကိုယ့်ရဲ့ POWER လို့ပဲ ဆိုရမှာပေါ့။

ဘာမှ မစိုးရိမ်နဲ့။ ဒီလောက်တောင် ကိုယ်အတွက် အချိန်ကုန်ခံပြီး ကျွန်လုပ် အစေခံ ကြော်ငြာပေးသူတွေ ရှိနေတာ ပိုစ့်အသစ်များများ တင်နိုင်အောင် အချိန်ပေးပြီး ရေးနိုင်အောင် ရေးမယ်။ ဟုတ်ပြီလား။

စကားမစပ် ကိုယ်အကြောင်းကိုလဲ Cbox တွေမှာ အချိန်ကုန်ခံပြီး စောက်တင်းပြောဖို့ စောင့်နေသူများ အတွက်လဲ New Subject ရတာပေါ့။ မဟုတ်ဘူးလား။

မင်းတို့ဘာပြောပြော ဘယ်လိုရေးရေး ကိုယ်ကတော့ လှလှလေး ပြုံးနေလိုက်တယ်။ အချိန်ကုန်ခံပြီး စောက်တင်းပြောကြတဲ့ မင်းတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ကိုယ်ပိုင်ဆိုင်လိုက်လို့ပဲ။

P.S: နောက်ပိုင်း ဒီလိုမျိုး ရေးမှာ မဟုတ်ဘူး။ ကိုယ့်ကို စောက်တင်းပြောသူတွေ ကိုယ့်ဆီ ကျွန်လုပ် အစေခံခြင်တဲ့ သူတွေကို အသိအမှတ် ပြန်ပြုသလို ဖြစ်နေတယ်။

တကယ်တော့ ကိုယ်က ဘယ်သူတွေ ကိုယ့်အကြောင်းကို ဘာပြောပြော ဘာရေးရေး နဲနဲလေးမှ စောက်ဂရုကို မစိုက်တာ။ :))

အခုရေးလိုက်တာက ဘယ်လို အကြောင်းအမျိုးမျိုးနဲ့ပဲဖြစ်ဖြစ် ဒီဘလောဂ့်မှာ စာလာဖတ်ကြသူများကို ကိုယ့်ဆီမှာ အင်တာနက်ပေါ်မှာတောင် အချိန်ကုန်ခံပြီး အလကား ကျွန်လုပ် အစေခံချင်သူတွေ ရှိကြောင်း အသိပေးတာပါ။

တဆက်ထဲ ပြောလိုက်ချင်တာက SMNTL သည် SMNTL နာမည်ဖြင့်လည်းကောင်း နာမည်ဆင်တူရိုးမှား သို့မဟုတ် တခြားနာမည်ဖြင့်လည်းကောင်း ဘယ်ဘလောဂ့်ရဲ့ Cbox မှာမှ နှုတ်ဆက်ခြင်း ပိုစ့်အသစ် ကြော်ငြာခြင်းနှင့် ကွန်မန့်ရေးခြင်း လုံးဝ လုံးဝ မရှိပါ။

အကယ်၍များ SMNTL နာမည်ဖြင့်လည်းကောင်း နာမည်ဆင်တူရိုးမှား သို့မဟုတ် တခြားနာမည်ဖြင့်လည်းကောင်း လူကြီးမင်းတို့ရဲ့ Cbox မှာဖြစ်ပစေ ဘလောဂ့်ပေါ်မှာ ဖြစ်ပစေ တစုံတခု ရေးသွားခြင်းမျိုး ရှိပါက ဤဘလောဂ့်နဲ့ သက်ဆိုင်ခြင်း လုံးဝ မရှိကြောင်း အသိပေး အပ်ပါတယ်။

မုဒိတာ တရားပွားများနိုင်ကြပါစေ။

Melodeekid said...

SMNTL posted the above post on 13th January 2009

မယ့်ကိုး said...

ရှာနိုင်၊ဖွေနိုင်၊ဖမ်းနိုင်တာ တကယ်ချီးကျူးမိပါတယ်။
လုပ်ရဲ..ရေးရဲသူကိုတော့ သက်ပြင်းချမိပါရဲ့ ...