Wednesday, November 26, 2008

ဘလော့ရွာသူ တမူထူး၏

တနေ့သ၌ ကျွန်ုပ်တို့သည် လျှို့ဝှက်သောလက်ဖက်ရည်ဆိုင် တနေရာဝယ် လျှို့ဝှက်အပ်သော အမှုများပြုလုပ်ရန် လျှို့ဝှက်စွာ ချိန်းဆို တွေ့ဆုံကြလေ၏။ သို့သော် ကျွန်ုပ်တို့၏ အထူးအရေးပါသော သူငယ်ချင်းအကောင်းစားကြီးမှာ တော်တော်နှင့် ရောက်မလာသဖြင့် အားလုံးက လည်တဆန့်ဆန့် ရှိနေကြလေသည်။

ထိုစဉ် တဖုန်းဖုန်းဖြင့် ပြေးလာသော သူငယ်ချင်းကြီး၏ မျက်နှာသည် ပျားတုပ်ခံထားရသော လဒကြီးကဲ့သို့ နီရဲနေသည်ကို တွေ့လိုက်ရသောအခါ မောကြီးပန်းကြီး ပြေးလာရသဖြင့် ဖြစ်မည်ဟု ကျွန်ုပ်တို့က ကောက်ချက်ချလိုက်ကြလေသည်။ သို့သော် နာရီဝက်ခန့် ကြာသည်အထိ နီရဲနေသော မျက်နှာကြီးမှာ ပုံမှန်ဖြစ်မလာပဲ မျက်စိသူငယ်အိမ်များ ကျဉ်းလိုက် ကျယ်လိုက် ဖြစ်နေခြင်း နှာခေါင်းကို ခဏခဏပွတ်ခြင်း တယောက်တည်း စပ်ဖြဲဖြဲဖြစ်သွားခြင်း စသည့် သွင်ပြင်လက္ခဏာ များကို မသင်္ကာဖွယ် တွေ့လိုက်ရသောအခါ ကျွန်ုပ်တို့လည်း နားခွက်ကဖြတ်ဆို မီးတောက်သွားလေသည်။

“ဟဲ့... သေနာကောင် မှန် မှန် ပြောစမ်း.. နင် တခုခုတော့ ငြိလာပြီ မဟုတ်လား။ မဟုတ်မှလွဲရော ရွာသူနှောက်တာပဲ ဖြစ်ရမယ်…”

သူငယ်ချင်းကြီးသည် ဟန်ဆောင်ပန်ဆောင်ပင် ငြင်းမနေတော့ပဲ သူ၏ အေဆာ ပေါင်တင် အညံ့စားလေးကို စားပွဲပေါ်တင်ကာ လက်ဖက်ရည်ဆိုင်မှ အလကားပေးသော ကြိုးမပါအင်တာနက်ကို ကော်နက် လုပ်လိုက်လေသည်။

သူပြသော ဘလော့ဆိုက်မှအနှီဓာတ်ပုံတပုံ ကိုတွေ့လိုက်ရသောအခါ ကျွန်ုပ်တို့ အဖွဲ့သားများ အားလုံးလည်း ပါးစပ်အဟောင်းသားဖြင့် မေးစိကြီးများ စားပွဲအောက်သို့ ဂေါက်ကနဲ ကျမတတ် ဖြစ်သွားရလေသည်။ (မေးစိဖြစ်သည်။ စာလုံးပေါင်း သေသေချာချာဖတ်ပါလေ။)



“ဟယ်… သူလေးက… ဂလိုဆိုတော့လည်း…”

ဝါသနာရှင်များပီပီ သံပြိုင်ရေရွတ်လိုက်ရင်း တံထွေးကို ဂလု ဂလု ဟု မျိုချ လိုက်ကြတော့သည်။

ကျွန်ုပ်တို့အထဲတွင် ဖွန်လိုက်ကြောင်ရင်း ယောဂ သင်တန်းကို ရောယောင်တက်ဖူးသဖြင့် သမာဓိ အတော်အတန် ရနေသော သူငယ်ချင်းသည် စားပွဲကို ဖြန်းခနဲပုတ်ကာ အားလုံးကို တပ်လှန့်လိုက်လေသည်။

“တယ် ... နင်တို့ဟာလေ ဒါမျိုးများဆို ငါးကြော်အနံ့ရတဲ့ ကြောင်ဖားကြီးလိုပဲ။ သွားရည်များလည်း ထိန်းကြပါဦး။ ဒါ ၀က်ဝံ ရဲ့ လှည့်ကွက်တွေ ဖြစ်နိုင်တယ်”

“မင်းကလည်း သူလေးကိုဆို အဆိုးပဲ မြင်နေတော့တာပဲ။ ဒီမှာ ရေးထားတာ ဖတ်ကြည့်ပါဦး။

JG ဘယ်အချိန်က လှမ်းရိုက်ထားမှန်းတောင် မသိလိုက်ဘူး။ ဒီနေ့ သူ့ Camera ထဲက ပုံတွေ ပြန်ကြည့်တော့မှ ကိုယ့်ကို ရိုက်ထားမှန်း သိတော့တယ်။

JG ကို မေးလိုက်တော့ ရုတ်တရက် အဲဒီအချိန်တုန်းက အဲလိုလေး ဝတ်ပြီး ရပ်နေတဲ့ ပုံက သူ့အတွက် Sexy ဖြစ်စေလို့ ရိုက်လိုက်တာတဲ့။ သူ အဲလို အမြဲ လုပ်နေကြ။ ကိုယ်မသိလိုက်ပဲ အဲလို ကိုယ့်ကို ရိုက်ထားတဲ့ ပုံတွေ အများကြီး။

အဲဒီတုန်းက Mini Short Skirt ဝတ်ထားလို့ ကိုယ့်ရဲ့Long Legs အလှ ပေါ်လွင်နေတယ် ထင်တယ်။ ကိုယ့်ကိုကိုယ် flirting လုပ်လိုက်တာ..., ဟိ :))


တွေ့ပလား။ ဒါ သူလေးရဲ့ ခြေထောက်ကွ။ သူ့ဘဲဘဲ ကိုယ်တိုင် ရိုက်ပေးထားတာ။ တောက်... အပေါ်ပိုင်းကို ဘာလို့များ ဖြတ်လိုက်ပါလိမ့်... ဟင်းဟင်းဟင်း...”

ထိုသူငယ်ချင်းလည်း ကွန်ပျုတာ စခရင်ရှေ့တွင် မျက်စိမခွာတမ်း ကိုက်မယ်ခဲမယ် သွားရည်တများများ ဟန်ပြင်နေကြသော ကျွန်ုပ်တို့ကို စိတ်ညစ်ညူးစွာဖြင့် ဒိတ်အောက်နေသော သူ့ အိတ်ခ်ျပီ ပေါင်တင်လေးကို အတင်းဆွဲထုတ်လေသည်။

“ငါကတော့ မသင်္ကာဘူး ဆရာ။ ငါ့မှာ သူခိုးဖမ်းစက်ရှိတယ်။ စစ်ကြည့်ရမယ်...”

သူသည် ကွန်ပျူတာကို အင်တာနက် ချိတ်ဆက်ကာ မည်သို့မည်ပုံ လုပ်လိုက်သည်မသိ။ ကျွန်ုပ်တို့ရှေ့မှောက်သို့ ၀က်ဘ်ဆိုဒ် တခု ဘွားကနဲ ရောက်လာလေတော့သည်။

http://flickr.com/photos/9626811@N04/2714119288


ဟယ်…

ဒါဆို ဒီသားမွေးအကျီင်္ဆိုတာလေးကရော...





http://flickr.com/photos/ferrous/160794652/


http://flickr.com/photos/ferrous/173043360/



အီတလီမုန့်တွေ သူ့ဘဲနဲ့သူ ကိုယ်တိုင် လုပ်ကြတယ် ဆိုတာကရော… လုပ်.. လုပ်.. လုပ်ပါဦးဟ





http://www.flickr.com/photos/luscioustemptations/2843647323/in/pool-52240578442@N01


http://luscioustemptations.blogspot.com/2008/08/spaghetti-with-smoked-haddock-and.html



http://flickr.com/photos/25959646@N02/2927960392/



ကျွန်ုပ်တို့လည်း ထန်းညက်ရည် နှင့် ငန်ပြာရည် မှားဆမ်းမိသည့် မုန့်လက်ကောက်ကို ပါးစပ်ထဲ အထွေးလိုက် ထည့်ဝါးမိသကဲ့သို့ ငိုချင်သလို ရယ်ချင်သလို ငန်ကျိကျိ အန်ချင်ချင်ကြီး ဖြစ်သွားကြလေသည်။

မျက်နှာကြီးနီရဲတာမပျောက်သေးတဲ့ သူငယ်ချင်းကြီးက လက်ခံချင်ပုံမပေါ်သေးပေ။
“ဟယ် သူကလေးက ဘလော့ပေါင်းများစွာ စာမျက်နှာပေါင်းများစွာမှာ ပါဝင်ရေးသားနေတာလေ။ သူကလေးရဲ့ ကိုယ်ပိုင်လေးတွေဖြစ်နေမှာပေါ့။ မင်းတို့ကလေ သူကလေးဆို… ”

“ဟဲသေနာ ငတုံး… နင်တို့အမေ မွေးထုတ်ပေးလိုက်တဲ့ ဦးနှောက်တွေ တရုပ်ကြေးအိုးဆိုင်မှာ ရောင်းစားလိုက်လို့လား။ နည်းနည်းပါးပါး ကလစ်ဆက်နှိပ်ပြီး ကြည့်ပါဦး။ သူကလေး သူကလေး နဲ့ ဟိုက မင်းတို ငတုံး လဒူ အောင်ကြူကြူဆိုပြီး အော်ရယ်နေမှာ သိရဲ့လား။ ငါပြတာကိုမြင်ရဲ့လား ကြည့် ဓာတ်ပုံတွေကိုတင်ထားတဲ့နေ့စွဲ တင်ထားတဲ့လူတွေကိုကြည့် တူသလား၊ ပြီးတော့ သူရေးထားတဲ့ နေ့တွေနဲ့ ယုတ်တိရှိရဲ့လား… မင်းလေ… မျက်နှာကြီးနီ ဟိုက ပြသမှလက်ခံ ဟိုက ငတုံးလို့ အခေါ်ခံရတာတောင် နည်းသေးတယ်။”

“ဒါဆို သူကလေးက ငါတို့ကို တကယ်လိမ်တာပေါ့နော်။ ရက်စက်လိုက်တာ။ ငါ့မှာတော့ သူကလေးကိုအားပေးလိုက်ရတာ။”

အို.. ဘလော့ပွဲလာတို့…။ ကျွန်ုပ်တို့ ဘလော့လောကကြီး မည်သို့ မည်ပုံ စခန်းသွားနေသနည်း။ ဤအတွေးတို့က ကျွန်ုပ်တို့၏ ရင်ဝကို တဒုန်းဒုန်း ဆောင့်ချေသည်။ “ဒင်းတို့ မြန်မာ ငတုံးများ ဗဟုသုတ နုံချာလှသည်။ နှပ်ချချင်တိုင်း နှပ်ချလိုက်ဦးမည်” ဟု ချစ်နှမငယ် သဘောပိုက်လေသလော။ အဟုတ်မှတ်ကာ ရေးသွားကြသော မှတ်ချက်များကို ဖဲမွေ့ရာ သဉ္ဖလီဝယ် လူးလွန့်လဲလျောင်းရင်း ဖင်ပြန်ခေါင်းပြန်ဖတ်ကာ တခစ်ခစ် ရယ်မော နေလေတော့သလော။ သကာလူးထားသော စကားလုံးကလေးများဖြင့် မျက်နှာပြောင်ပြောင် ဆင်ခြေထုတ်ကာ မထူးဇာတ်ကို ဆက်ခင်းနေဦးမည်လော။

သူကလေး၏ မီနီစကပ် ခပ်ကျပ်ကျပ် စွပ်ထားသော သမိုင်းကြောင်းတိုတိုထဲမှ အနံ့တဟောင်းဟောင်းများကို လေအပင့်ဝယ် ပြန်ပြောင်းရှူရှိုက် ကြည့်လိုပါကလည်း သူကလေး ကျူးလွန်ခဲ့သော အမှုများမှာ ၁ ကြိမ်. ၂ကြိမ်. ၃ကြိမ် မကတော့ပြီပါကလား။

(၁) Summer Time ဆိုတဲ့ ကဗျာကို ခိုးချ။ ပြီးတော့ သူရဲ့ အချစ်ဟောင်းရေးထားတာပါပြော။
(၂) Accept my sympathy ဆိုတဲ့ကဗျာကိုခိုး၊ ဟိုပြင်ဒီပြင်လုပ် မုန်တိုင်း ဒုက္ခသည်ကိုသနားချင်ယောင်ဆောင်လိုက်သေးတယ်။
(၃) julystars.blogspot.com ဆီက ဖိနပ်ပုံတွေ၊ အင်္ကျီပုံတွေကူးချပြီး သူကိုင်တိုက်ပဲ ၀ယ်ခဲ့သလိုလိုရေး။
(၄) အခုလည်းကြည့်ပါလား flickr ထဲက ပုံတွေကိုခိုးယူပြီးတင် မြန်မာတွေကိုထပ်ပြီး စော်ကားလိုက်ပြန်ပြီ။

ယခင် အချိန်များကမူ ပျော့ပျော့လေးနှင့် အားနွဲ့ရှာသော အနှီမိန်းမသားလေးကို ကျွန်ုပ်တို့ သကောင့်သားများက ဖိနှိပ်အနိုင်ကျင့်သည်ဟု အယူရောက်ကာ ပြဿနာကို သေသေချာချာ မစူးမစမ်းပဲ မားမားမတ်မတ် ရှေ့ကရပ်ပေးလိုကြသော လူကြီးမင်းများလည်း အများအပြား ပေါ်ပေါက်ခဲ့ချေသည်တမုံ့။ ယခုမူကား သူကလေး၏ သူခိုးအမှုအစုစုသည် ဂေါက်ကွင်းတွင် ဂေါ်ဇီလာ သွားသကဲ့သို့ ဂွမ်းဂွမ်းကြီး ထင်ရှားလှချေပြီ။ အိုဘယ့် ရွှေပရိသတ် .. ဆုံးဖြတ်ကြလေကုန်။


ကျွန်ုပ်တို့ ဝေဖန်ထောက်ပြနေခြင်းသည် သူမ မည်သူမည်ဝါနဲ့ ပါတ်သက်သည်ထက် စာဖတ်သူများအား မလေးစားခြင်း၊ ဘလော့ကာတို့ ထားရှိရမည် ကျင့်ဝတ်တို့ကို လုံးဝချိုးဖောက်ခြင်းတို့ကို လူကြီးမင်းတို့အား တင်ပြလိုခြင်းဖြစ်ပါသည်။

သူ့ရဲ့ဘလော့မှာ creative common license ကိုသုံး၊ သူများဖန်တီးထားသည်ကိုခိုးတာကတော့ အင်မတန်ရှက်ဖွယ်ဖြစ်ပါတယ်။

လူကြီးမင်းတို့ ဘလော့ရေးသားခြင်းသည် ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်သော်လည်း သူတပါးဖန်တီးထားသောစာ၊ ဓာတ်ပုံတွေကို ရည်ညွှန်းချက်မပေး ခိုးယူသုံးစွဲတာကတော့ အခြားဘလော့ကာနဲ့ဖန်တီးသူတွေကိုစော်ကားတာပဲဖြစ်ပါတယ်။

ဒီထက်စော်ကားတာကတော့ ငါကတော့ဘာဖြစ်လို့ ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့ လက်ရှိအစိုးရရဲ့ မျိုးဆက်ဖြစ်ကြောင်း ၀န်ခံထုတ်ဖော်လိုက်ပြီး အဆုံးစွန်အထိ ကျွန်ုပ်တို့အား စော်ကားလိုက်ပါပြီ။ သေသေချာချာ လေ့လာဖတ်ရှုပြီးမှ ကိုယ့်ရပ်တည်ချက်ကို ဖော်ပြပေးပါရန် လေးစားစွာဖိတ်ခေါ်ပါတယ်။




ဆက်လက်ရှုစား နိုင်ပါသေးသည်။

http://www.flickr.com/photos/drumtoo/511541667/in/set-72157600256024934/


http://flickr.com/photos/71277991@N00/545050515


http://flickr.com/photos/marcelyne/552335330/

Sunday, July 6, 2008

အရှက်မရှိ တာလား ဂေါက်နေတာလား

လာပြန်ပါပြီ ကျွန်ုပ်တို့ စီဘောက်စ်သို့  လာရောက်ကာ ဘလော့ နှစ်ခုလုံး သူ့ ဘလော့ဟု ပြောပြန်ပါသဖြင့် ကူးယူ တင်ပြလိုက်ရပြန်ပါသည်။
အင်မတန် ချစ်စရာကောင်း ယဉ်ကျေးသိမ်မွေ့ သော(နှာဘူး များ ကတော့ပြောကြ ကပ်ကြ စုံမှိတ်ကာကွယ်ကြတာပဲဟုတ်မဟုတ်တော့မသိ) သူလေး ၏ အခြား ဘလော့ဆိုသော ဘလော့အား မောင်နှင့် နှမ သားနှင့်အမိ ကြည့်ရဲကြပါသလား ဗျို့...။

ဖျက်သောဟာ ရှာရင်တွေ့  ခိုးသော ဟာ ကြာရင်မေ့...?

မိုးကျပျံမလာဝက်ဝံနှင့်သူ၏ ခိုးထုတ်ခိုးထည်
လျှင်၏.. သို့သော် နှေး၏။

ဖျက်လျှင် မပျက်လော...။ ကူးသော်မရလော..။
fullscreen ဖြင့် ကြည့်ပါ သေချာမြင်လိုပါသော လူကြီးမ လူကြီးမင်းများအတွက်။

ပေဖားနာ တို့  မောင်အီး တို့ နှင့် တကွ မသိနားမလည်သူများလော တမင်သက်သက် အောက်ဆွဲလုပ်ချင်သူများလောမသိရသည့် သူများ၏ comment များကိုလဲ အားပေးကြပါကုန်။
Youtube မှ မမြင် နိုင်သော နိုင်ငံများမှ သူခိုးဖမ်းသူများ google video မှ ဒါရိုက်ကြည့်နိုင်ပါသည် သူခိုးမိသော ဗီဒီယို

Wednesday, June 25, 2008

ဘေးမဲ့တောက ဘောမဲ့တေးများ

ပြည့်တန်ဆာ အေ ကိုက်သံ ဖြင့် သာကူးနူ ၊ မယားငယ် တုံးပိ သံဖြင့် ငကြောက်မြေ ၊ ကိုယ်လုပ်တော်သွေးဆုံးသံဖြင့် ဂွေး စေ့ မသန် ၊ ဖာဆွယ် ပုလိပ်ရိုက်သံဖြင့် သေရင်းကြောင် နှင့် အခြား အခြားသော ဘလော့များ ကလဲ ဘို ရှုပ် ရူးကြီး ပန်းသေ ၏ အာဏာတည်မြဲရေးနှင့် နွားအဖွဲ့ သက်ဆိုးရှည်ရေးအတွက် အင်တာနက်ပေါ်တွင် မြို့ မေတ္တာခံယူနေကြ၏။

သာကူးနူ က စကားပြောလိုက်လျှင် တေဇ မယားပါသားလေသံဖြင့် ပြောတတ်၏။ တလောကလုံး သူ့ မယ်တော် ၏ လင်ငယ်များကဲ့သို့ဆက်ဆံတတ်၏။ ခပ်ညံ့ညံ့ ကောင်မှန်းသိသာလှသည့် ကိုယ့်ကိုယ်ကိုယ်ဖော်မသူတော်
သံချပ်ကို မိုးလုံးပြည့် အော်ဟစ် တတ်၏။ ငကြောက်မြေကတော့ အနည်းငယ်ညက်၏။ သူမဟုတ်သလိုလိုနှင့် ယောင်တော်ပြန်လွှတ်တတ်၏။ စိတ်ဓါတ်စစ်ဆင်ရေးတိုက်ပွဲနှင့်အသွင်ယူ တန်ပြန် တိုက်ခိုက်ရေးကို ကျွမ်းကျင်သယောင်ရှိ၏။ပြဿနာက ဖုံးသမျှ ကုန်းမှ ပေါ်မဟုတ် ။ မကုန်းခင်ကတည်းက ပေါ်နေသည်ဆိုတော့ အနည်းငယ်တော့ ကသိကအောက်နိုင်လှ၏။

ကိုယ်လုပ်တော်သွေးဆုံးသံဖြင့် ဂွေးစေ့ မသန်ကလဲ ပိုးစိုးပက်စက်သေနေကြသော ဓါတ်ပုံတွေ ထုတ်ပြလာ၏။ ရှမ်းသူပုန်တွေသတ်တယ်ဆိုပဲ။ ယုတ္တိ တခု အရဆိုလျှင်တော့ သတ်သူ လဲမမြင်၊ သေသူသာမြင်၏။ အလောင်းများကလဲပက်စက်လှ၏။

နယ်စွန်နယ်ဖျားရှမ်းပြည်မပြောနှင့် ရန်ကုန်မြို့လည်ခေါင် နေ့ခင်းကြောင်တောင် တွင် ဘုန်းကြီးများနှင့် ပြည်သူလူထုကို ပစ်ခတ်ရိုက်နှက်သတ်ဖြတ် နေသော သူများ က သူပုန်သတ်သည်ဟု ရိုက်ပြလိုက်သည့် ပုံ ဆိုတော့ ပြုံးချင်စရာ ကြည့်လဲ ညာပါ ဆရာတို့ရယ်။

သူပုန် တွေရဲ့ မရှိတဲ့ သိက္ခာချချင်ဇောနှင့် တော့ လူတွေ သတ်သတ်ပြီး အတင်း ဓါတ်ပုံရိုက်တင်ပြီး မပြကြပါနဲ့ လို့ တော့ မေတ္တာရှေ့ထား ပြောလိုက်ချင်သေးတော့၏။

သစ္စာဖောက် တယောက်၏ သွားရာလမ်းကိုရေးသော သူက လဲ ဗကသ ရဲဘော်ဟောင်းတဦးဆိုလာ၏။ ဗိုက်ကြီးသူ ရွဲပေါ်ဖောင်း ဆိုလျှင်တော့ ဟုတ်တန်ရာ၏။

ဗကသ ရဲဘော်ဟောင်းဆိုလျှင်လည်း ထိုရဲဘော်ဟောင်းသာ သူ့ကိုယ်သူပြန်မှန်ထဲတွင် ကြည့်သင့်၏။

ဗကသ ရဲဘော်ဟောင်းလဲဆိုသေး၊ နအဖ အလုပ်အကျွေးကိုလဲ အရှက်မဲ့ပြု နေသေးရဲ့ ငပြူးကပြဲသော ငပြဲအော်ပြောင်းသာလျှင်ဖြစ်ပေတော့မည် တကား။


သေရင်းကြောင်ကတော့ ဖားချက်က ကားတက်နင်းစရာမလို ၊ နိုင်ငံတော်ကိုချစ်တာ အင်မတန်မွန်မြတ်လှပါသည်။ နိုင်ငံတော် အတွက် အသက်ပေးဝံ့သည်မှာ အာဇာနည် ပီသ ပါပေ၏။ နိုင်ငံတော်အတွက်အနစ်နာခံသည်မှာ တော်ယုံလူမလုပ်နိုင်သည့်
သူတော်စင်ဆန်သည့် စွန့်လွှတ်အနစ်နာခံမှုဖြစ်ပါ၏၊ ထိုအချက်များ တကယ် အဟုတ် အမှန် ဧကန်ဆိုလျှင်ပေါ့ခင်ဗျာ၊ ဧကန်အမှန်ဆိုလျှင်လည်း ဆိတ်ဘိုဖြစ်လာဖို့မရှိ။

လက်နက်မဲ့ အပြစ်မဲ့ ပြည်သူ က ငတ်မွတ်ခေါင်းပါးလွန်းလှချိန်မှာ ပြည်သူလူထု၏ မျက်နှာကိုငဲ့ဖို့ထက် အပေါ်က ကုတ်ပိုးခွစီးကာ အမိန့်ပေးနေသော အိုနာကျိုးကန်း ကိုဖိုးရမ်းများအမိန့်မျှလွဲလျှင်
အမေအရင်းကိုတောင် သားဆုပန်ခိုင်းမည့် ရုပ်ကဆိုး ဆိတ်ဘို ကြီးများ ၏ ဘေးမဲ့တောမှ ဘောမဲ့တေးများ အား စိတ်ပျက်ခြင်းကြီးစွာဖြင့် ပြောစမ်းပေါက်ကရ ဟူ၍သာ ........................။

Friday, June 20, 2008

အဖြူရောင် လောကသားများ သို့ သ၀ဏ်လွှာ

လေကြမ်းတွေကတိုက်လှ၏။ ကြုံဖန်စွပ်သည် ရေခဲကျောက်ဖျာထက်တွင် ၀င်သက်ထွက်သက်ကိုမှန်မှန်ရှူကာ ခန္ဓာရုပ်မှ ချက်ကရ ရှစ်ချက်အား အာရုံပြုရင်း အတွင်းအား တို့ကို စုစည်းလျှက် ကုတ်ကမြင်းဒေ၀ီ လင်ချောင်ဖမ်း၏ လျှို့ဝှက်သိုင်းကွက်များ အကြောင်းစဉ်းစားနေမိ၏။

ကုတ်ကမြင်းဒေ၀ီ လင်ချောင်ဖမ်းသည် လင်မျိုးလင်နွယ် စံအိမ်တော်ကြီးမှ လျို့ဝှက် သိုင်းအတတ်ပညာတစ်ခုဖြစ်သော အနူလက်ဝါး ခွေးစကား သိုင်းပညာဖြင့် ဘလော့နယ်ပါယ်သို့ နောက်ဖေးပေါက်မှ ကိုယ်ဖွ ပညာဖြင့် ၀င်ရောက်ခဲ့သူဖြစ်၏။ ကုတ်ကမြင်းဒေ၀ီသည် ချင်းမိုင်အရပ်တွင် ပုကွဝတို သိုင်းကျင့်စဉ်ကိုကျင့်ကြံအောင်မြင်ပြီး လင်ဖန်ကုန်းဟုအမည်ပြောင်းကာ ဘလော့လောကမှ ဝေးရာသို့ ကိုယ်ဖျောက်သွားခဲ့ဖူးသူဖြစ်သည် ၊ အသက်အားဖြင့် နှစ်ဆယ့်ငါး တောင်မရောက်သေးသော်လည်း ကြောင်စီဘူး သိုင်းပညာဖြင့် အဝေးရောက် ၀က်ကင်တိုက်ပွဲတိုင်းတွင် အတွင်းအားအတော်များများသုံးစွဲရသဖြင့် အဘွားကြီးတယောက် ပေါင်ဒါရိုက်ထားသောမျက်နှာကဲ့သို့ ရုပ်က ပြောင်းလဲရင့်ချော်လှ၏။


ကြုံဖန်စွပ်တို့ ဘလော့လောကသားတို့သည် နန့်ပြာမယ် ၏ လေသိုင်းအောက်တွင် အစုလိုက်အပြုံလိုက် အညံ့ခံဒူးထောက် လိုက်ဖူးပြီးကတည်းက နန့်ပြာမယ်၏ ဂူရွှေး လက်ဝါး အား ကြုံဖန်စွပ်တို့ တစ်ထောင့်တစ်ည ဗိမာန်တော်ကြီးအနေဖြင့် ကြားဖူး နားဝရှိလှပြီဖြစ်၏။



ဘိုးဘိုးကြီး ကြုံ ကြည့်ကြွေ ၏ ဆော်တိုင်းလန် ဂူဗိမာန်တော်ကြီးသို့ မနက်ဖြန်ဆိုလျှင် ကြုံ ဖန်စွပ်အနေဖြင့် ပိုင်းလော့ ကလောင် ကြီး ကျောကုန်းပိုးကာ ခရီးဆက်ရဦးမည်ဖြစ်၏။ ဘလော့လောကသားတို့၏ ထိပ်ခေါင်သရဖူရွေးချယ်ပွဲတွင် ကြုံ ဖန်စွပ်တို့ တစ်ထောင့်တစ်ည ဗိမာန်တော်ကြီးအနေဖြင့် ပါဝင်ယှဉ်ပြိုင်ရန်အတွက်စိတ်ဝင်စားမှုမရှိလှကြောင်းကိုလည်း ဘိုးဘိုးကြီး ကြုံကြည့်ကြွေက သူ၏ ဂေါ်မစွံ မျက်လုံးများဖြင့် အရိပ်အမြွက် သတိပေးပြီးဖြစ်သဖြင့် ကြုံဖန်စွပ်တို့ ညီအကိုတော်များအနေဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ မိမိတို့ ကြုံ မိသားစုကြီး၏ သိုင်းပညာဖြင့် ကြုံကြွား များ မကြုံ လဲ အတင်းကြွားများ စာလုံးကြီးကြီးရေးသူများ အနှစ်မရှိသူများ အား ဆက်လက်ကာ ငှက်မွေးဖြင့်ပွတ်နိုင်ရေးအတွက်သာ အားထုတ်ရန်ရှိပေတော့သည်ဟူသောအသိဖြင့် ကြုံ တုန်း အသိပေးမိပါ၏။

Wednesday, June 18, 2008

ဘလော့ကာ လေးချိုးတော်ကြီး

တွေးမရကြာပြီ
အဝေးက မြာမဒီမယ်
ပလာပလီ ဇာနည်ဖွားရယ်တဲ့
ကြွားခဲ့ပြန်ပြီ။

ဘလော့တွေ မှိုလိုပေါက်ပါလို့
ငပျော့တွေ ငိုသလို မကြောက်ပါဘု
အပေါ့တွေ လိုသလိုသောက်လြိုကလျှင်ဖြင့်
လာခဲ့စေချင်...။

အတိုင်းအရှည် အဖြစ်မသိပေမယ့်
တိုင်းပြည်ချစ်မိပြီဆိုပြန်တော့လဲ
ငိုသံတွေ ပဲ့တင်ထပ်တယ်
ရင်တွင်းဝယ်တကယ်မချိပြီမို့
ကူမည့်သူ သရဲကောင်း အထောင်အသောင်းကိုမှ
ဘဲခေါင်းကို ကုလား ကိုက်သလို မှားမိုက် မျှော် အားတော်ကိုးပါရဲ့
ကူလှည့်စေချင်။

ကျော်ဆန်းကို မှန်းရော်ရမ်းလို့
လမ်းချော်စမ်းရယ် မတွန်းလိုက်ပါနဲ့
ဇွန်းကိုက်ကာ ဆေးတော်သောက်ပါလို့
ပွေးတော်ပေါက်သင့်တင်ပါးကို
မယားအောင် ဟိုသည်လှည့်ကာ
ဘလော့ကာ သူရဲကောင်း တွေရေ
မလျော့စွာ လူထဲ အကောင်း ထင်ရေးအတွက်
မဏ္ဍပ်တိုင်ခါခါတက်ရတယ်
ကရုဏာမေတ္တာစိတ်အစဉ်နဲ့
တိတ်တိတ်ရယ်ချင်။

ကပြာကယာ အပီ
လာပါပြီ နောက်တမျိုးနဲ့
သောက်ကျိုးနည်း အာဇာနည်
ခါခါ အတည် ရေးကာ ချွတ်ရတယ်
လွတ်မြောက်မယ် မကြံသေးခင်ကွယ့်
ဆေးရိုးကိုလမ်းပေါ်လှမ်းပြတယ်
လွမ်းမိတယ် အဘအောင်ဆန်းရယ်
ယောင်ရမ်းကာမဆဲလိုက်ပါနဲ့
လွဲခဲ့ပြန်ပြီ ။

တဖက်ကိုလှည့်ကာကြည့်ပါ
သင်သိမှာ ရင်မချိနာ ရမယ်
အို နာဂစ် ရယ်က
လူအစစ်တွေ သုတ်သင်သတ်ပါလို့
အရပ်ကို ရာဇ၀င်ရိုင်းစေတဲ့
သချို င်္င်းမြေ ဒို့ ပြည်ဖြစ်ရတယ်
စစ် တပ်ကို ခါးပိုက်ဆောင်ထားသူက
စကားတူထိုင်တောင်မပြောပါဘု
တုချင်ရင် ပြုပြင်စမ်းပါကွယ့်
မှာခဲ့ပါမည်။

ကဗျာဖွဲ့ စာ အတည်ရေးလိုလျှင်ဖြင့်
ရင်ဖွင့်ကာ သင်အံ တွေးပါမှ
ရေးတတ်မည်ထင်.....
အတွေးမျှင် ဒီမှာဆုံးမယ်လေ့
မုန်းတယ်ဟေ့ ဆိုချင်ဆိုတော့ကွယ်
ပြုံးလျှက်နေမည်။ ။

Tuesday, June 17, 2008

ဘလော့သင်ပုန်းကြီးဖတ်စာ (၂)

တားတား နံမည် မောင်အီးး
နေတာက အမေကားကြီး၊

ကျောင်းကြီးတက်လို့ စာတွေကျက်
တားတား လိပ်ခေါင်းထွက်။

ပျင်းတဲ့အခါဘလော့ရေးတာ
သူများအတင်းတွေပါ၊

နာမည်ကြီးချင် ဘာတွေလုပ်
သူများ စီပုံး ၀င်ခါရှုပ်။

အဲလိုလုပ်လည်း လူမလာ
ဟိုရေးဒီရေး ကြံမိတာ၊

ဘာတွေရေးမယ် တားတားတွေး
ဘလော့တွေဖတ်လို့ ဂျာနယ် အမည်ခံ ပေး။

ဓာတ်ပုံပြပြီး စာတွေစီ
တားတား နောက်ပြောင်သည်၊

လူတွေလာကြည့် သဘောခွိ
တားတား အော်ဟစ်မိ (နာကွ နာကွ)။

ဒီလောက်နဲ့လည်း အားမရပါ
ဆရာကြီးတဆူထိ ဖြစ်ချင်တာ၊

အမှန်တရားဘက် ရပ်တည်ရေး
ဖော်ဆောင်တော့မည် တားတားတွေး။

ဟိုဒီရေးပြီး လိုက်ဖိတ်မည်
တားတားရဲ့ အကြံအစည်၊

လုပ်လိုက်မိတာ သောက်တလွဲ
တားတား အရှက်ကွဲ။

တားတားပြောတာ လက်ခံရင်
သူတော်ကောင်းလို့ထင်၊

လက်မခံရင်တော့ လူမိုက်များ
အနားမလာနဲ့ သွားသွား။

တားပြောလိုက်တာ အမှန်တရား
ဖြစ်သွားတာက အလကား၊

လာမေးကြတဲ့ မေးခွန်းတွေ
မသိဘူးလို့ ငြင်းမယ်လေ။

မသိလို့မသိတယ် ပြောတာများ
တားတား ရှက်ရမလား။

အခုတော့လည်း တားတားတယောက်
မျက်စိသူငယ် ဖြစ်လို့ ကြောက်
ကွန်ပြူတာမှာရှေ့ မှာ ထိုင်ရင်း ဂေါက်
ဂေါက် ဂေါက် ဂေါက်
ဂေါက် ဂေါက် ဂေါက်။