Wednesday, June 18, 2008

ဘလော့ကာ လေးချိုးတော်ကြီး

တွေးမရကြာပြီ
အဝေးက မြာမဒီမယ်
ပလာပလီ ဇာနည်ဖွားရယ်တဲ့
ကြွားခဲ့ပြန်ပြီ။

ဘလော့တွေ မှိုလိုပေါက်ပါလို့
ငပျော့တွေ ငိုသလို မကြောက်ပါဘု
အပေါ့တွေ လိုသလိုသောက်လြိုကလျှင်ဖြင့်
လာခဲ့စေချင်...။

အတိုင်းအရှည် အဖြစ်မသိပေမယ့်
တိုင်းပြည်ချစ်မိပြီဆိုပြန်တော့လဲ
ငိုသံတွေ ပဲ့တင်ထပ်တယ်
ရင်တွင်းဝယ်တကယ်မချိပြီမို့
ကူမည့်သူ သရဲကောင်း အထောင်အသောင်းကိုမှ
ဘဲခေါင်းကို ကုလား ကိုက်သလို မှားမိုက် မျှော် အားတော်ကိုးပါရဲ့
ကူလှည့်စေချင်။

ကျော်ဆန်းကို မှန်းရော်ရမ်းလို့
လမ်းချော်စမ်းရယ် မတွန်းလိုက်ပါနဲ့
ဇွန်းကိုက်ကာ ဆေးတော်သောက်ပါလို့
ပွေးတော်ပေါက်သင့်တင်ပါးကို
မယားအောင် ဟိုသည်လှည့်ကာ
ဘလော့ကာ သူရဲကောင်း တွေရေ
မလျော့စွာ လူထဲ အကောင်း ထင်ရေးအတွက်
မဏ္ဍပ်တိုင်ခါခါတက်ရတယ်
ကရုဏာမေတ္တာစိတ်အစဉ်နဲ့
တိတ်တိတ်ရယ်ချင်။

ကပြာကယာ အပီ
လာပါပြီ နောက်တမျိုးနဲ့
သောက်ကျိုးနည်း အာဇာနည်
ခါခါ အတည် ရေးကာ ချွတ်ရတယ်
လွတ်မြောက်မယ် မကြံသေးခင်ကွယ့်
ဆေးရိုးကိုလမ်းပေါ်လှမ်းပြတယ်
လွမ်းမိတယ် အဘအောင်ဆန်းရယ်
ယောင်ရမ်းကာမဆဲလိုက်ပါနဲ့
လွဲခဲ့ပြန်ပြီ ။

တဖက်ကိုလှည့်ကာကြည့်ပါ
သင်သိမှာ ရင်မချိနာ ရမယ်
အို နာဂစ် ရယ်က
လူအစစ်တွေ သုတ်သင်သတ်ပါလို့
အရပ်ကို ရာဇ၀င်ရိုင်းစေတဲ့
သချို င်္င်းမြေ ဒို့ ပြည်ဖြစ်ရတယ်
စစ် တပ်ကို ခါးပိုက်ဆောင်ထားသူက
စကားတူထိုင်တောင်မပြောပါဘု
တုချင်ရင် ပြုပြင်စမ်းပါကွယ့်
မှာခဲ့ပါမည်။

ကဗျာဖွဲ့ စာ အတည်ရေးလိုလျှင်ဖြင့်
ရင်ဖွင့်ကာ သင်အံ တွေးပါမှ
ရေးတတ်မည်ထင်.....
အတွေးမျှင် ဒီမှာဆုံးမယ်လေ့
မုန်းတယ်ဟေ့ ဆိုချင်ဆိုတော့ကွယ်
ပြုံးလျှက်နေမည်။ ။

4 comments:

Anonymous said...
This comment has been removed by the author.
Anonymous said...

ဘလော့ကာ သူရဲကောင်း တွေရေ
မလျော့စွာ လူထဲ အကောင်း ထင်ရေးအတွက်
မဏ္ဍပ်တိုင်ခါခါတက်ရတယ်
ကရုဏာမေတ္တာစိတ်အစဉ်နဲ့
တိတ်တိတ်ရယ်ချင်။
ထိတယ်ကွာ ဘလော့ဂါတွေတော့ တအုန်းအုန်းထမှာမြင်ယောင်သေး---လွဲကြတယ် ဟင်း
စစ် တပ်ကို ခါးပိုက်ဆောင်ထားသူက
စကားတူထိုင်တောင်မပြောပါဘု
တုချင်ရင် ပြုပြင်စမ်းပါကွယ့်
ဒါကိုနားမလည်တဲ့သူတွေက ဘသူလဲထင်ဦးမယ်
တရုတ် ကုလားကိုပြောတာမှုတ်လား
ယူအန်လဲပါပါ့

အတုယူကြ နအဖကို အိပ်ထောင်ထဲ ထည့်ထာူသူတွေ ကို

Myo Hlaing Win said...

လာပါပြီ အာဇာနည်မြေပဲဆားလှော်

philtre said...

ဘာရယ်တော့မသိပါဘူး.. သူငယ်ချင်းတယောက်ပေးလာလို့ဖတ်ကြည့်တာပါ.. ကျနော်ကလဲ ကဗျာဝါသနာပါသူမို့ ကဗျာတွေ ရွေးဖတ်လေ့ရှိပါတယ်.. ကဗျာရဲ့ plot ကိုခံစားလို့ မထိပေမဲ့ ကဗျာဖွဲ့စည်းပုံကို အသားပေးလေ့ပါတယ်တယ်.. ကာရန် အရေးအသား မဆိုးပါဘူး.. ဒါပေမဲ့ ခေါင်းစဉ်နဲ့လိုက်အောင် လေးချိုးကဗျာမဟုတ်တာတွေ့ရတယ်.. မြန်မာ ရှေးကဗျာတိုင်းမှာ ရေးစပ်နည်း ဥပဒေသ တွေရှိပါတယ်.. ဒွေးချိုး လေးချိုး..တေးထပ် အစရှိသဖြင့် သူ့နည်း သူ့ဘောင်အတိုင်းစပ်ဆိုရပါတယ်.. ဒီဥပဒေသတွေကို အသာထားလိုက်ပါအုံး.. ဖွဲ့စည်းပုံကိုက မှားနေတယ်.. လေးချိုးမှန်ရင်.. ကြီးကြီး..ငယ်ငယ်..လတ်လတ်.. အချိုးလေးခုပဲ ရှိရပါတယ်.. ဒါကြောင့် လေးချိုးခေါ်တာပါ.. ဒွေးချိုးဆိုရင် ဒွေး..ဒွိ.. အချိုး၂ခုပဲရှိရပါတယ်.. ပြောချင်တာက ခေါင်းစဉ်တပ်ရင် သူ့ခေါင်းစဉ်အတိုင်း ပီအောင် ရေးစေချင်တာပါ.. အပြစ်သဘောမဟုတ်ပါ.. အပြုသဘောပြောခြင်းမျှသာဖြစ်ပါတယ်.. ကာရန်ရေးတိုင်း ကဗျာဘောင်မ၀င်ပါဘူး.. ဘောင်ဝင်အောင် ရေးစေချင်ပါတယ်.. အွန်လိုင်းမှာလဲ ကဗျာဖွဲ့နည်း နိသရည်းကျမ်း အလွယ်တကူရနိုင်ပါတယ်.. လေ့လာကြည့်စေလိုပါတယ် ..