Friday, June 20, 2008

အဖြူရောင် လောကသားများ သို့ သ၀ဏ်လွှာ

လေကြမ်းတွေကတိုက်လှ၏။ ကြုံဖန်စွပ်သည် ရေခဲကျောက်ဖျာထက်တွင် ၀င်သက်ထွက်သက်ကိုမှန်မှန်ရှူကာ ခန္ဓာရုပ်မှ ချက်ကရ ရှစ်ချက်အား အာရုံပြုရင်း အတွင်းအား တို့ကို စုစည်းလျှက် ကုတ်ကမြင်းဒေ၀ီ လင်ချောင်ဖမ်း၏ လျှို့ဝှက်သိုင်းကွက်များ အကြောင်းစဉ်းစားနေမိ၏။

ကုတ်ကမြင်းဒေ၀ီ လင်ချောင်ဖမ်းသည် လင်မျိုးလင်နွယ် စံအိမ်တော်ကြီးမှ လျို့ဝှက် သိုင်းအတတ်ပညာတစ်ခုဖြစ်သော အနူလက်ဝါး ခွေးစကား သိုင်းပညာဖြင့် ဘလော့နယ်ပါယ်သို့ နောက်ဖေးပေါက်မှ ကိုယ်ဖွ ပညာဖြင့် ၀င်ရောက်ခဲ့သူဖြစ်၏။ ကုတ်ကမြင်းဒေ၀ီသည် ချင်းမိုင်အရပ်တွင် ပုကွဝတို သိုင်းကျင့်စဉ်ကိုကျင့်ကြံအောင်မြင်ပြီး လင်ဖန်ကုန်းဟုအမည်ပြောင်းကာ ဘလော့လောကမှ ဝေးရာသို့ ကိုယ်ဖျောက်သွားခဲ့ဖူးသူဖြစ်သည် ၊ အသက်အားဖြင့် နှစ်ဆယ့်ငါး တောင်မရောက်သေးသော်လည်း ကြောင်စီဘူး သိုင်းပညာဖြင့် အဝေးရောက် ၀က်ကင်တိုက်ပွဲတိုင်းတွင် အတွင်းအားအတော်များများသုံးစွဲရသဖြင့် အဘွားကြီးတယောက် ပေါင်ဒါရိုက်ထားသောမျက်နှာကဲ့သို့ ရုပ်က ပြောင်းလဲရင့်ချော်လှ၏။


ကြုံဖန်စွပ်တို့ ဘလော့လောကသားတို့သည် နန့်ပြာမယ် ၏ လေသိုင်းအောက်တွင် အစုလိုက်အပြုံလိုက် အညံ့ခံဒူးထောက် လိုက်ဖူးပြီးကတည်းက နန့်ပြာမယ်၏ ဂူရွှေး လက်ဝါး အား ကြုံဖန်စွပ်တို့ တစ်ထောင့်တစ်ည ဗိမာန်တော်ကြီးအနေဖြင့် ကြားဖူး နားဝရှိလှပြီဖြစ်၏။



ဘိုးဘိုးကြီး ကြုံ ကြည့်ကြွေ ၏ ဆော်တိုင်းလန် ဂူဗိမာန်တော်ကြီးသို့ မနက်ဖြန်ဆိုလျှင် ကြုံ ဖန်စွပ်အနေဖြင့် ပိုင်းလော့ ကလောင် ကြီး ကျောကုန်းပိုးကာ ခရီးဆက်ရဦးမည်ဖြစ်၏။ ဘလော့လောကသားတို့၏ ထိပ်ခေါင်သရဖူရွေးချယ်ပွဲတွင် ကြုံ ဖန်စွပ်တို့ တစ်ထောင့်တစ်ည ဗိမာန်တော်ကြီးအနေဖြင့် ပါဝင်ယှဉ်ပြိုင်ရန်အတွက်စိတ်ဝင်စားမှုမရှိလှကြောင်းကိုလည်း ဘိုးဘိုးကြီး ကြုံကြည့်ကြွေက သူ၏ ဂေါ်မစွံ မျက်လုံးများဖြင့် အရိပ်အမြွက် သတိပေးပြီးဖြစ်သဖြင့် ကြုံဖန်စွပ်တို့ ညီအကိုတော်များအနေဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ မိမိတို့ ကြုံ မိသားစုကြီး၏ သိုင်းပညာဖြင့် ကြုံကြွား များ မကြုံ လဲ အတင်းကြွားများ စာလုံးကြီးကြီးရေးသူများ အနှစ်မရှိသူများ အား ဆက်လက်ကာ ငှက်မွေးဖြင့်ပွတ်နိုင်ရေးအတွက်သာ အားထုတ်ရန်ရှိပေတော့သည်ဟူသောအသိဖြင့် ကြုံ တုန်း အသိပေးမိပါ၏။

7 comments:

MMM said...

ညားရဲ့ ဘလော့လေးလဲ ကြောင်နာ ၀င်ချင်တယ်.. ၁၀၀၁ ကြီးရေ..ဖတ်ပြီးရေးပေးမလား..
ညားက ဘလော့လောကမှာ အခြေချဖို့ စတော့ ကြောင်နာ ၀င်ပုံဝင်နည်း အတိရို့ ပါ..

Unknown said...

ဟာဗျာ နောက်တခါထပ်ဝင်တာ နာမည်မရှိတော့လို့ဗျ

အောင်လင်းထွဋ် or စာဖြတ်သူ

Unknown said...

မင်းတို့ပြောတော့ ကျွန်ုပ်တို့အား ဆဲခြင်း ထောပနာ ပြုလိုပါက ဤနေရာတွင် ပြုနိုင်ပါ၏ ငါကမင်းတို့ရဲ့ပရိသတ်ပါ။မင်းတို့ကိုငါလဲမဆဲပါဘူး။နောက်တခါ fire fox နဲ့မင်းတို့ blog ကိုထပ်ဝင်တော့ နာမည်မှမရှိတာ ထပ်ပေးတာအပြစ်လားကွ

အောင်လင်းထွဋ် or စာဖြတ်သူ

Unknown said...

မင်းတို့က ရုရှားက စစ်ခွေးတွေလို သူရဲဘောမကြောင်ဘူးမို့လား? မင်းတို့ကောင်တွေဒီလိုလုပ်လို့ ဘာမှအကျိုးမရှိပါဘူး။ပရိသတ်တယောက်ပဲ ဆုံးရှုံးတာပါကွာ။ငါ့မှာဘာမလဲ အမှုမကျူးလွန်ရဘူး ပိတ်ခံရတယ်ဆိုတော့ မဟုတ်မလွဲရော မင်းတို့ ကျော်စန်းခွေးတွေ မဟုတ်လား?

အောင်လင်းထွဋ် or စာဖြတ်သူ

Unknown said...

ဒီပို့စ်က ကျနော့်ကို မဖဲ့သေးဘူး။ သို့သော် ဂျောက်ချထားသလို ဖြစ်နေတယ်။ ပြင်ဆင်ပေးစေလိုပါတယ်။ ကျနော့်ကို သရော်စာရေးလာရင်လဲ အမှန်အကန် သရော်တာမှန်ရင် အပြုံးနဲ့ ဆီးကြိုမှာပါ။ ဒီပို့စ်က အောက်ဆုံးအပိုဒ်ကို ပြင်ပေးစေလိုပါတယ်။ ခင်ဗျားတို့နဲ့ ကျနော်မသိပါ။ ရေးထားသည်မှာ သိသလိုဖြစ်နေပြီး ဒီပို့စ်ကို ကျနော်က ထောက်ခံသလို ဖြစ်နေပါတယ်။ ကာယကံရှင်ကိုယ်တိုင် ၊ သိနေတဲ့လူတွေ ၊ တဆင့်သိထားတဲ့လူတွေ လာဖတ်မယ်ဆိုရင် ကျနော့်ကို အသလွတ် အထင်လွဲစရာ ရှိပါတယ်။ ထို့ကြောင့် အနည်းငယ် ပြင်ဆင်ပေးစေလိုပါတယ်။

Unknown said...

ကျွန်ုပ်တို့ သည် မည်သူတဦးတယောက်ကိုမှ ထိခိုက်လိုစိတ်မရှိ <<< ဟုတ်ရဲ့လားကွာ မင်းတို့ရေးတာနဲ့ပြောတာ တခြားစီပဲ
ကျွန်ုပ်တို့သည် နေပူပူအောက်တွင် အငြိမ့်ကပြရန် ကြိုးစားနေသူများသာ ဖြစ်သည် ။ <<< ဘန်ကောက် ပတ္တရားမှာ လာလုပ်စားလို့ရပြီ ကိုယ့်လူတို့ :P

Unknown said...

ကျွန်ုပ်တို့ သည် အသက်နှင့် လူလုပ်ခြင်းမဟုတ်၊ အရှက်နှင့်လူလုပ်ခြင်း ဖြစ်သည် << ကိုယ်ကိုတိုင်တော့ ရှက်တက်လိုက်တာ လူများသားသမီးကျတော့ စော်ကားမယ်ပေါ့? မင်းတို့အမေတွေ ညီမတွေ လူစော်ကားမှ မင်းတို့သိမယ်