Wednesday, June 25, 2008

ဘေးမဲ့တောက ဘောမဲ့တေးများ

ပြည့်တန်ဆာ အေ ကိုက်သံ ဖြင့် သာကူးနူ ၊ မယားငယ် တုံးပိ သံဖြင့် ငကြောက်မြေ ၊ ကိုယ်လုပ်တော်သွေးဆုံးသံဖြင့် ဂွေး စေ့ မသန် ၊ ဖာဆွယ် ပုလိပ်ရိုက်သံဖြင့် သေရင်းကြောင် နှင့် အခြား အခြားသော ဘလော့များ ကလဲ ဘို ရှုပ် ရူးကြီး ပန်းသေ ၏ အာဏာတည်မြဲရေးနှင့် နွားအဖွဲ့ သက်ဆိုးရှည်ရေးအတွက် အင်တာနက်ပေါ်တွင် မြို့ မေတ္တာခံယူနေကြ၏။

သာကူးနူ က စကားပြောလိုက်လျှင် တေဇ မယားပါသားလေသံဖြင့် ပြောတတ်၏။ တလောကလုံး သူ့ မယ်တော် ၏ လင်ငယ်များကဲ့သို့ဆက်ဆံတတ်၏။ ခပ်ညံ့ညံ့ ကောင်မှန်းသိသာလှသည့် ကိုယ့်ကိုယ်ကိုယ်ဖော်မသူတော်
သံချပ်ကို မိုးလုံးပြည့် အော်ဟစ် တတ်၏။ ငကြောက်မြေကတော့ အနည်းငယ်ညက်၏။ သူမဟုတ်သလိုလိုနှင့် ယောင်တော်ပြန်လွှတ်တတ်၏။ စိတ်ဓါတ်စစ်ဆင်ရေးတိုက်ပွဲနှင့်အသွင်ယူ တန်ပြန် တိုက်ခိုက်ရေးကို ကျွမ်းကျင်သယောင်ရှိ၏။ပြဿနာက ဖုံးသမျှ ကုန်းမှ ပေါ်မဟုတ် ။ မကုန်းခင်ကတည်းက ပေါ်နေသည်ဆိုတော့ အနည်းငယ်တော့ ကသိကအောက်နိုင်လှ၏။

ကိုယ်လုပ်တော်သွေးဆုံးသံဖြင့် ဂွေးစေ့ မသန်ကလဲ ပိုးစိုးပက်စက်သေနေကြသော ဓါတ်ပုံတွေ ထုတ်ပြလာ၏။ ရှမ်းသူပုန်တွေသတ်တယ်ဆိုပဲ။ ယုတ္တိ တခု အရဆိုလျှင်တော့ သတ်သူ လဲမမြင်၊ သေသူသာမြင်၏။ အလောင်းများကလဲပက်စက်လှ၏။

နယ်စွန်နယ်ဖျားရှမ်းပြည်မပြောနှင့် ရန်ကုန်မြို့လည်ခေါင် နေ့ခင်းကြောင်တောင် တွင် ဘုန်းကြီးများနှင့် ပြည်သူလူထုကို ပစ်ခတ်ရိုက်နှက်သတ်ဖြတ် နေသော သူများ က သူပုန်သတ်သည်ဟု ရိုက်ပြလိုက်သည့် ပုံ ဆိုတော့ ပြုံးချင်စရာ ကြည့်လဲ ညာပါ ဆရာတို့ရယ်။

သူပုန် တွေရဲ့ မရှိတဲ့ သိက္ခာချချင်ဇောနှင့် တော့ လူတွေ သတ်သတ်ပြီး အတင်း ဓါတ်ပုံရိုက်တင်ပြီး မပြကြပါနဲ့ လို့ တော့ မေတ္တာရှေ့ထား ပြောလိုက်ချင်သေးတော့၏။

သစ္စာဖောက် တယောက်၏ သွားရာလမ်းကိုရေးသော သူက လဲ ဗကသ ရဲဘော်ဟောင်းတဦးဆိုလာ၏။ ဗိုက်ကြီးသူ ရွဲပေါ်ဖောင်း ဆိုလျှင်တော့ ဟုတ်တန်ရာ၏။

ဗကသ ရဲဘော်ဟောင်းဆိုလျှင်လည်း ထိုရဲဘော်ဟောင်းသာ သူ့ကိုယ်သူပြန်မှန်ထဲတွင် ကြည့်သင့်၏။

ဗကသ ရဲဘော်ဟောင်းလဲဆိုသေး၊ နအဖ အလုပ်အကျွေးကိုလဲ အရှက်မဲ့ပြု နေသေးရဲ့ ငပြူးကပြဲသော ငပြဲအော်ပြောင်းသာလျှင်ဖြစ်ပေတော့မည် တကား။


သေရင်းကြောင်ကတော့ ဖားချက်က ကားတက်နင်းစရာမလို ၊ နိုင်ငံတော်ကိုချစ်တာ အင်မတန်မွန်မြတ်လှပါသည်။ နိုင်ငံတော် အတွက် အသက်ပေးဝံ့သည်မှာ အာဇာနည် ပီသ ပါပေ၏။ နိုင်ငံတော်အတွက်အနစ်နာခံသည်မှာ တော်ယုံလူမလုပ်နိုင်သည့်
သူတော်စင်ဆန်သည့် စွန့်လွှတ်အနစ်နာခံမှုဖြစ်ပါ၏၊ ထိုအချက်များ တကယ် အဟုတ် အမှန် ဧကန်ဆိုလျှင်ပေါ့ခင်ဗျာ၊ ဧကန်အမှန်ဆိုလျှင်လည်း ဆိတ်ဘိုဖြစ်လာဖို့မရှိ။

လက်နက်မဲ့ အပြစ်မဲ့ ပြည်သူ က ငတ်မွတ်ခေါင်းပါးလွန်းလှချိန်မှာ ပြည်သူလူထု၏ မျက်နှာကိုငဲ့ဖို့ထက် အပေါ်က ကုတ်ပိုးခွစီးကာ အမိန့်ပေးနေသော အိုနာကျိုးကန်း ကိုဖိုးရမ်းများအမိန့်မျှလွဲလျှင်
အမေအရင်းကိုတောင် သားဆုပန်ခိုင်းမည့် ရုပ်ကဆိုး ဆိတ်ဘို ကြီးများ ၏ ဘေးမဲ့တောမှ ဘောမဲ့တေးများ အား စိတ်ပျက်ခြင်းကြီးစွာဖြင့် ပြောစမ်းပေါက်ကရ ဟူ၍သာ ........................။

4 comments:

Myanmar said...

great

Unknown said...

Excellent! Please keep posting.

Anonymous said...

keep it up.

layaung said...

You guys are dirty, but like it.