“ ဘမာတွေကို အထင် မသေးနဲ့  နော် … ညှင်း ညှင်း ညှင်း” ( အညင် ကပ်စရာ အသံဖြစ် ပြုံးလိုက်သည်)
“အထင်လား … ဟင့်အင်း … သေးရဲဘူး … အကုန်လုံးက အစွမ်းအစတွေနဲ့ ”ကျွန်ုပ်တို့ သည် တစ်ညနေသော အချိန်တွင် ညနေစာကို ဆာလောင်မွတ်သိပ်စွာ ခေါင်းမဖော်နိုင်အောင် စားပြီးသကာလ ရေနွေးကြမ်း ၄အိုးကုန်နီးပါးတိုင် လေဖောကြလေ၏။ ( အလုံးရေ လျှော့ထားသည်)။ ကျွန်ုပ်တို့ ကို ဆိုင်ရှင်မှ ဂေါ်နှင့် ကော်မထုတ်ခင် အလိုက်တသိ ပိုက်ဆံရှင်းပြီး နောက် ထိုင်စရာ ဆိုင်ရှာသော်..ဆိုင် မပိတ်သေးသည့် ဘေးကပ်ရပ်ဆိုင်သို့  ချီတက် ခဲ့ကြလေသည်။ ထို့ နောက် လူမြင်ကောင်းရန် အလို့ ငှာ လ္ဘက်ရည် ၂ခွက် ကို မမှာချင့် မှာချင် ဖြစ် ၀ယ်ခဲ့ ကြသည်။
ဆက်ဖောကြသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။ ( လှန် မကြည့်ပါနှင့် လက်နက် အပြည့်အစုံရှိသည် … အဲ ယောင်ခြင်းသီးခံပါ .. ဘောင်းဘီဝတ်ထားသည် ဟု ဆိုလိုခြင်း ဖြစ်သည်)
“အမှန် တော့ သူတို့ တွေရဲ့  ဘိုးစဉ်ဘောင်ဆက်ကလဲ နည်းတဲ့ ဟာကြီး တွေမှ မဟုတ်တာ”
“ ဟင် … သား ကြောက်တယ်”
“သူတို့  တွေရဲ့  အမျိုးအဆွေတွေကို မင်းတို့  သိလားကွ”
“ နို့ … သိမှ မသိတာ”
“ အဲ့ ဒီ .. နို့  ရှိမှ မရှိတာ .. သတင်းပဲ”
“ရှင်းရှင်းပြောလေ သားရယ် … အန်ကယ်တို့ က ရင်တုန်တတ်တယ်”
အမှန်မှာ ရင်တုန်တတ်တယ်ဟု ပြောသော တယောက်သည် အဆိုးဆုံး ဖြစ်၏။ ဘာဆိုး သလဲ မသိ။ မေးမြန်းခြင်း သည်းခံ ပါ။
“ ငါပြောပြမယ် … ဒီလို ကွ … နားထောင်.. ပုံပြင်တွေက ဆက်စပ်မှုရှိတယ်ကွ။ ဘယ် သူနဲ့  ဘယ်လို အမျိုးတော်တယ်ဆိုတာ ကိုယ့်ဟာကိုယ် စပ်ဆက်ကြည့်ပေတော့”
ဆက်ရန် …
No comments:
Post a Comment