Sunday, May 18, 2008

ပါလေရာ ဂွက်ထော်နှင့် သူမ၏ ပုံတို ပတ်စများ

မီး နာမည် က မိုးကျ ပြန်မလာ ၀က်ဝံ ပါ ။ မီးကတော့ အောက် စ ဖုတ် (Oxford)မှာ ကျောင်းတက်နေပါတယ် ။ မီး ဒယ်ဒယ်ကတော့ အမေကြီး ကား (America) ဆိုတဲ့ နိုင်ငံမှာ အီးကုန်းနောမစ် (economic) အရ အောင်မြင်နေတဲ့ ဘီးစုတ်နဲ့ သမား (business man)ပါ ။

ဒါကတော့ ဘိလပ်လို မွှတ်နေအောင် ရေးတတ်ဖတ်တတ်သင့်သော်ငြား စုတ်ပြတ် ဆင်းရဲ သိမ်ဖျင်းလှ သော အရေးအသားများဖြင့် မြန်မာ ဘလော့ဂါ ဆိုသော ပုဂ္ဂိုလ်တို့ ကြား ရွှေပန်းစား (မှားသွားတယ် ရေပန်းစား) နေသော မယ် ကုဝဏ် ဘီလူး မ ရှောက်သီးသုတ်နှင့် ရခိုင်မုန့် တီ တပြိုင်နက်ထဲ မျိုချမိသည့် မျက်နှာနှင့် မော တယ် ဘာဘီကျူး(Moral Virtues)ဆိုသည့် ဘလော့ ပိုင်ရှင် အဘွားအိုပေါက်စ၏ ပြောနေကျ အကြောင်းအရာများ ။

မကြာမှီလာမည် .. မျှော်..။

1 comment:

Htoo Myat said...

ဖတ်ချင်တယ်ဗျို့... အများကြီး ဖတ်ချင်သေးတယ်။ တစ်နေ့ကို ဆယ်ပိုစ့်လောက်တင်ပါလားဗျာ...

ကျနော့ဘလော့ဂ်မှာ ဒီလင့်ခ်ကို ကြော်ငြာပါရစေ။

အများကြီး ဆက်ရေးဖို့ အားပေးပါတယ်။