Friday, June 13, 2008

ကြောင်သားခေါင်းချောင် ၏ ပျားအုံအားတုတ်နှင့်ထိုးခြင်း

ရစ်ထွေရမ်း အားဆက်သွယ်ရန်- yithtwayyan.yitthwayyan@gmail.com နဲ့ yithtwayyan@gmail.com ဖြစ်ပါတယ်။ ရစ်ထွေရမ်းရဲ့ ငပျင်း ဆီဗုံး http://www.yithtwayyan.cbox.ws/ နဲ့ အာပလာ ဆီဗုံး http://www.deadbro.com/cbox/yithtwayyan/index.html ဖြစ်ပါတယ်။ ရစ်ထွေရမ်း ဆီဗုံး အတွင်း ၀င်ရောက် အပေါ့သွားလိုသူမိတ်ဆွေများ ရေစစ္စတြီ လုပ်နိုင်ပါသည်။ မိမိ၏ အာ မည့် အာမည် အား ဖြည့်ပြီးနောက် profile တွင် passsword ဖြင့် ရေစစ္စတြီ လုပ်နိုင်ပါသည်။

အထင်ကရ ရှိလှပေ၏။ တချို့ က ဗိုလ်အောင်ဆန်း လူဝင်စားလားဟု ထင်ကြ၏။ တချို့ က ကိုရစ် ကိုရစ် ဟု အဖျားစွတ် ခေါ်ကြ၏။ တချို့ က ရစ်ရစ်ကလေးဟုခေါ်၏။ တချို့ က ကြောင်သား ခေါင်းချောင် ဟု ထင်မြင်ယူဆ၏။

မြန်မာပြည်ကြီးတခုလုံးအား တာဝန်ယူ ကယ်တင် နေသည့်အလား ထင်စရာ အလုံးတွေနှင့် ကိုယ်ရည်သွေး၏။ တလောကလည်း ရစ်ထွေရမ်း၏ ဘလော့ နှင့် အီးမေးကို နအဖ ရသွားသလိုလို မရအရ ခွသွားသလိုလို တွေ ကြေငြာပြန်၏ ။ နောက်တော့ အာစွာပလီ ဆိုသည့်နာမည် တခု က ဖွပွဲကျင်းပ ပြန်၏ ။ ၀ိုင်းဝန်းဆဲဆို တောထုတ်ပြီး မင်းသားကြီး ရစ်ထွေရမ်း ပတ်မကြီးဘေး ထန်းလှီးဒါးကြီး ကိုင်ကာ ပေါ်လာပြန်၏။ အရပ်ကောင်းတော့ အလောင်းလှ ဆိုသောမြန်မာစကားပုံ သည်အလကားမဟုတ် ။ သင်ဘာတွေပဲ လုပ်ကိုင်ပြောဆိုနေပါစေ ၊ သင်နှင့် ပလဲ နံပ သင့်သော အုပ်စုတစု ရှိလျှင် သင်၏ ကြောင်သူတော်လုပ်ရပ်များအား ၀ိုင်းဝန်း သိဒ္ဓိတင် ကာကွယ် ချီးမြှောက်ပေးကာ ၀န်းရံ တတ်သည့် လူ့သဘောကို ထင်ဟပ်ပြခြင်းသာဖြစ်သည်။မြန်မာဘလော့ကာဆိုသူတို့ကြား သိဒ္ဒတ္ထ နှင့် ဆော့ခရတ္တိ ငုတ်တုတ်ထိုင်ကာ ယေရှု ကိုယ်တော် နှင့် အလာဟ်အရှင်မြတ်ကိုယ်တိုင် ဂျိန်း ကျောင်းတော်မှ မထေရ်များနှင့် လာရောက် သင်ပြတရားချကြလျှင်တောင်မှ'hey ..Dudes... we don't give a shit. Do you understand? ok...! get lost....! ' ဒီလို တောင်အနည်းငယ်လက်ခံနိုင်စရာရှိသေးသော White Trash လေသံ red neck လေသံ ဖြင့် ပြန်ပြောလျှင်ပင် တော် ပေဦးမည်။

ငါ့စကားနွားရ၊ လူညီလျှင် ဤ ကို ကျွဲဖတ်မည် ဆိုသည့် ခေတ်ပညာတတ်ဟု ယူဆရသော အစုအဝေးကြီးတစ်ခု ဧရာဝတီတွင် ဒိုက်ပုံမျောသည့်ပမာ စီးမျော နေသည်ကို မြင်နေရသည်။သူ့ လူနှင့် သူ့ ကျောင်း သူ့ အခေါင်းနှင့် သူ့ မသာ ဟန်ကိုကျနေလိုက်ကြတာ တော်ယုံ အစိမ်းသက်သက် ဘလော့ ဆိုသော ရပ်ဝန်းတွင်း မျက်စိလည်ပြီးဝင်လာမိလျှင် blackhole ကြီးတစ်ခုထဲ ကျသွားသလိုကိုယ်ရည်သွေးတီးလုံးပေါင်းစုံကြားတွင် ဘင်ခရာတီးဝိုင်း၏ ဘင်ကြီးထဲ ယောင်လို့ ဝင်လိုက်မိသော ပုရွက်ဆိတ်ပမာ နား မျက်စိ ဗလက္ကာရ ပြုကျင့်ခံရပေတော့၏။

ရစ်ထွေရမ်းတို့ကျတော့ ညက်၏။ အသက်လဲငယ်တော့မည် ပုံမဟုတ် ။ လေသံက ၀ိဒူရဦးချစ်မောင် ဟူသော တချိန်က နီကြောင်ကြောင် နိုင်ငံရေး သမားတစ်ယောက် လိုလို ၊ အကျင့် က ဦးနေ၀င်း ဆစ်ဖလစ်ဖြစ်ကာစမရဲတရဲပုံစံလိုလို လုပ်ပေါက်တွေက စုံထောက် ဦး ကျန်စား လိုလို ၊ သတင်းစာ ဆရာ လိုလို အယ်ဒီတာလိုလို ဂိုက် က ဖမ်းလိုက်သေးသည်။ တိုင်းပြည်ချစ် သော ကိစ္စအတွက် လေးစားပါသည်။ မည်သူမဆိုတိုင်းပြည်ချစ်ကြလျှင် ကျွန်ုပ်တို့ တိုင်းပြည်ကောင်းစားသည်မှာကြာလှပေပြီ။ တိုင်းပြည်ချစ်သော ကိစ္စနှင့်ပတ်သက်၍ သံသယမရှိပါ။ကိုယ်နှင့် မတူလျှင် ကိုယ့်ရန်သူဟု သဘောထားတတ် သော ဗြောင် တောထုတ်ရန်ကျင့်ကြံတတ်သော လုပ်ရပ်များဖြင့် ကိုယ်ရည်သွေး လိုခြင်း အကျိုးလိုလို့ ညောင်ရေလောင်းလိုခြင်း တို့ ကတော့ ရွံစရာဖြစ်ပါသည်။

ဘလော့တွေရေးသားနေသောသူများနှင့် စတင်ရေးသားနေသော လူကြီးလူငယ်တော်တော်များများ၏ ဘလော့များအားကျွန်ုပ်တို့ ဖတ်ပါသည်။ လေးစားပါသည်။ အားပေးပါသည်။ ဖြစ်ထွန်းစေချင်ပါသည်။နည်းပညာ ဝေမျှသောဘလော့များ ၊ တိုင်းပြည် ကောင်းစေလိုသည့်ဘလော့များ၊ စာပေ ဘလော့များ ၊ ဆေးပညာဘလော့များ ၊ ပုဂ္ဂိုလ်ရေးဘလော့များ ဘာသာရေးဘလော့များ၊ ချက်နည်းပြုတ်နည်းဘလော့များ အားလုံးနီးနီး တတ်နိုင်သမျှဖတ်ဖြစ်ပါသည်။ကျွန်ုပ်တို့ ရွေးချယ် ပြီး ရေးသား သရော် လှောင်ပြောင်ပြီဆိုလျှင် ခိုင်လုံသော အကြောင်း တခုခု ကြောင့်သာဖြစ်သည်။ ကျွန်ုပ်တို့ ပုဂ္ဂိုလ်ရေးမုန်းတီး မှုဖြင့် ရွေးချယ် ရေးသားခြင်းမဟုတ်ပါ။ ထို ကဲ့သို့ ထင်လျှင်လည်း ဂရုမစိုက် ပြန်လည်ရှင်းလင်းမည်မဟုတ်။ ဒါက ကြုံလို့ပြောခြင်းဖြစ်သည်။

ရစ်ထွေရမ်း သည် သူ၏ လုပ်ထုံးလုပ်နည်းအတိုင်း ခွပ်ဒေါင်းအလံကြီးအား ထန်းပင်ထိပ်ဖျားတက်ချိတ်ကာ ၊ ထန်းရေတကျိုက် မော့လိုက် ၊ အပင်အောက်က ဖြတ်သွားဖြတ်လာကြသော လေးစားသူ မဒီကညာတို့ ၏ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ကို မုန်လာဥပိုးတီလိုမြည်းလိုက် ဖြင့် ဆက်လက်အသံကောင်းဟစ်နေရင်း ကိုကို ရစ် ကိုရစ် ခေါင်းဆောင်ကြီးရစ် ဟိုမို ခရေစီ သူရဲကောင်း ရစ်ရစ် ဟု ဘုန်းတော်ဘွဲ့ များ သူ့ အားအသိအမှတ်ပြုမှုများဖြင့် virtual hero အဖြစ် ကျေကျေနပ်နပ်ကြီး ပီတိစား ကာ ဆက်လက်၍ “တိုင်းပြည်အတွက်ပြောကြပါခင်ဗျ ၊ မဆိုင်တာတွေမပြောကြပါနဲ့ ခင်ဗျ ၊ နအဖ စစ်ခွေးတေ”ွ ဟု ဒီမို ဟိုမို ဘိုင် လက်စဘီယန် ဘိုင်ယာဂရာ တော်လှန်ရေးကြီးအား ဆီဗုံးကြီးခွထိုင်ကာ ဆက်လက် ဆင်နွှဲနေဦးမည်မှာ လည်း မလွဲမသွေကိစ္စတရပ် ဖြစ်ပေသည်ဟု အသိအမှတ်ပြုရင်း ထပ်မံအတည်ပြုလိုသည်ကတော့ ၊ ကျွန်ုပ်တို့ ဂရုမစိုက်ပါ ၊ ပြန်လည်ချေပနိုင်သည်၊ လာရောက်ဆဲဆိုနိုင်သည် အရပ်ကောင်းလျှင် အလောင်းလှ လူညီလျှင် ဤ ကိုကျွဲဖတ်တတ်သော လူမျိုးများ၏ စိတ်ဓါတ်ကို အလေးအမြတ်ပြုကာ ပြုံးပြုံးကြီး ကြည့်နေမည်ဖြစ်ပါသည်။

5 comments:

ဗေထိ said...

ဟီး ဟီး.. ဘယ်သူမှ လာမပွတ်ရဲဘူးထင်ပါ့။ ငါအရင်ဆုံး ပွတ်သကွ။ ဆက်လုပ်ဗျို့။ နောက်ဆုံးပို့(စ်) လို ယဉ်ကျေးစွာဖဲ့မယ်၊ သရော်မယ်ဆိုရင် ထာဝရ အားပေးနေတယ်။

layaung said...

you guys are so dirty.

Anonymous said...

you guys are so clean

Myo Hlaing Win said...

really funny guys :D
keep on doing it :)

Anonymous said...

စဉ်းစားစရာတော့ ကောင်းပါတယ်။ "ကျွန်ုပ်တို့ ပုဂ္ဂိုလ်ရေးမုန်းတီး မှုဖြင့် ရွေးချယ် ရေးသားခြင်းမဟုတ်ပါ။" ခင်ဗျားတို့ရဲ့ ဒီရပ်တည်ချက်ကို လေးစားပါတယ်။ နို့ပေမဲ့ "...ထင်လျှင်လည်း ဂရုမစိုက် ပြန်လည်ရှင်းလင်းမည်မဟုတ်"ဆိုတာက နည်းနည်းများ ရင့်သလားလို့ပါ*။ ပုဂ္ဂလအမြင်အရ သရော်စာ၊ ဝေဖန်စာကို ကျနော် အင်မတန့်အင်မတန် သဘောကျပါတယ်။ အားလည်းပေးပါတယ်။ ကိုယ့်မျက်ချေး ကိုယ်ပြန်မမြင်နိုင်ဘူးမလား? မှန်လေးရှိမှ တော်ကာကျမှာပါ။ တစ်ခါတလေတော့လည်း မှန်ရှိနေရုံနဲ့ မပြီးပါဘူး။ ရှိတဲ့ မှန်လေးကလည်း ကြည်လင်ပြတ်သားမှ၊ ကြည့်ချင်တဲ့ စိတ်၊ တွေ့ပါပြီရဲ့ မျက်ချေးကို သုတ်ပစ်ချင်တဲ့ စိတ် (အကုန်အစင်လား၊ နည်းနည်းချင်းလား ကွာမှာပေါ့) လေးလည်း ရှိပါမှ အဆင်ပြေကြမှာပါ။ *ပြန်ဆက်မယ်ဗျာ။ သရော်စာ၊ အပြောင်အပျက်စာ ဆိုပေမဲ့လည်း စာရေးသူမှာ တာဝန်ရှိတယ်လို့ ထင်ပါတယ်။ စာဖတ်သူက အမြင်မရှင်းလို့ မေးမှာကိုတော့ အချင်းချင်း လေးစားသောအားဖြင့် ရှင်းလင်းချက်ပေးမယ်ဆို ပိုကောင်းမှာပါ။ ရေးချင်တာရေးမယ် တာဝန်မယူဘူး ဆိုတာမျိုးဆိုရင် စာဖတ်သူဘက်က ကသိကအောက်ဖြစ်စရာပါ။ ယေဘုယျ ပြောပါတယ်။