Wednesday, May 21, 2008

ပါလေရာ ဂွက်ထော် -ခေါ်- အောက် စ ဖုတ် ကျောင်းသူကြီး

ဘလော့လောကတွင် မျက်စိသူငယ် နားသူငယ်နှင့် မြင်မြင်သမျှအထူးအဆန်းများဖြစ်နေသော ကျွန်ုပ်တို့ သည် တနေ့ သောအခါ ဘလော့လောကသားများ မှတ်တမ်းတင်ရေးသားလေ့ရှိသော ကျောက်သင်ပုံးကြီးများကို လေ့လာရန်အလို့ ငှာ ဘလော့လောကသားများ၏ နေအိမ်များဆီသို့ တအိမ်ဝင် တအိမ်ထွက် သူခိုးချောင်းချောင်းကြ၏ ။ အိမ်တိုင်းရှိ ကျောက်သင်ပုံးတိုင်းတွင် မိုးကျ ပြန်မလာ ၀က်ဝံ ဟု လွန်စွာမှရှည်လျားသော အမည်နာမတခုကို တွေ့ ရဖန်များလာသောအခါ ဘလော့လောကတွင်လည်း တိရိစ္ဆာန်များ ရှိပါပေလားဟု တအံ့တသြ ရင်သပ်ရှုမော မိကြ၏ ။ နေရာတကာ စူးစမ်းလေ့လာချင်စိတ်ရှိသော ကျွန်ုပ်တို့ သည် ဘလော့လောကတွင် ကျင်လည်ကျက်စားနေသော အနှီ မိုးကျ ပြန်မလာ ၀က်ဝံ ဆိုသော တိရိစ္ဆာန်အား သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်ကြပေ၏ ။

မိုးကျ ပြန်မလာ ၀က်ဝံ၏ အိမ်သို့ ဝင်ဝင်ခြင်းသကာလ မြင်တွေ့ လိုက်ရသော သူ့ အိမ်ရှေ့ တွင် ထောင်ထားသည့် ဘိလပ်လို ဆိုင်းဘုတ်ကို ကျွန်ုပ်တို့ ၏ ဘုန်းကြီးကျောင်းထွက် ငပိသံနှင့် အသံထွက် ဖတ်လိုက်မိသည် ။

မီး နာမည် က မိုးကျ ပြန်မလာ ၀က်ဝံ ပါ ။ မီးကတော့ အောက် စ ဖုတ် (Oxford)မှာ ကျောင်းတက်နေပါတယ် ။ မီး ဒယ်ဒယ်ကတော့ အမေကြီး ကား (America) ဆိုတဲ့ နိုင်ငံမှာ အီးကုန်းနောမစ် (economic) အရ အောင်မြင်နေတဲ့ ဘီးစုတ်နဲ့ သမား (business man)ပါ ။ မီး က တော့ အမေကြီး ကား ကို ရောက်တာ နှစ်ပေါင်း ခုနှစ်နှစ်ကြီးများတောင် ကြာမြင့်ပြီဖြစ်လို့  စုတ်ပြတ် ဆင်းရဲ သိမ်ဖျင်းတဲ့အရေးအသားနဲ့ ဘိလပ်လိုပဲ မှုတ်တတ်ပါတော့တယ် ။


သြော် .. ကျွန်ုပ်တို့ မှားလေစွ မှားလေစွ ။ မိုးကျ ပြန်မလာ ၀က်ဝံသည် ကျွန်ုပ်တို့ မဟာအမှားကြောင့် လူစင်စစ်မှ တိရိစ္ဆာန်ဘ၀ သက်ဆင်းရ၏ ။ နောက်ထပ်အမှားများ မပြုလုပ်မိလေအောင် မော တယ် ဘာဘီကျူး (Moral Virtues) ဟု နာမည်တပ်ထားသော သူမ၏ နေအိမ်ထဲကို ခြေလှမ်းဝင်ခါ လေ့လာရေးစခန်း စတင်လိုက်သည် ။

အောက် စ ဖုတ် ဆိုသော ကျောင်းတော်ကြီးတွင် တက်ရောက်နေသော သူမ၏ ဘိလပ်အရေးအသားသည် အံ့မခန်းပေစွ ။ ကျွန်ုပ်တို့ တွင်ရှိသော ဒစ်ရှင်နရီ ၊ ဂရမ်မာ ၊ အက်ဆေး စသည့် စသည့် စာအုပ်ပေါင်းမြောက်မြားစွာကို အဖန်တရာ ပြန်လှန် ဖွေရှာ သော်လည်း မိုးကျ ပြန်မလာ ၀က်ဝံ ရေးထားသော အရေးအသားမျိုး လုံးဝ လုံးဝ မပါရှိပေ ။ မိုးကျ ပြန်မလာ ၀က်ဝံ၏ ဘိလပ်အရေးအသားသည် တုနှိုင်းဖွယ်မရှိ ဟု ဆုံးဖြတ်ခါ ဘုန်းကြီးကျောင်းထွက် ပညာရေးနှင့် ထန်းသီးလောက်သာကြီးမားသော ကျွန်ုပ်တို့ ဦးနှောက်အတွက် အစဉ်မှတ်သား သင်ခန်းစာယူရန် အလို့ ငှာ အလွန်တရာ မြင့်မားလှသော အောက်ပါဥပမာများကို ချမရေးဘဲ မနေနိုင်အောင် ချရေးထားလိုက်ရပေတော့သည် ။

ဥပမာ (၁)
I am massive impressed to them and proud of what they does. Weldone, Guys who does this brilliant site.

ကျွန်ုပ်တို့ အတွေး ။
ဘုန်းကြီးကျောင်းမှ ဂရမ်မာသင်ပေးသော ဘုန်းဘုန်းက ပြောခဲ့ဖူး၏ - massive သည် နာမ၀ိသေသန (နာမ်ကိုအထူးပြုသောစကား) ၊ အလွန်ကြီးမားသောဟု အဓိပ္ပါယ်ရသည် ။ ထိုသို့ ဆိုလျှင် မိုးကျ ပြန်မလာ ၀က်ဝံသည် ဘယ်နာမ်ကို အလွန်ကြီးမားသည်ဟု ပြောနေသနည်း ။ ရှေ့ မှာ အိုင်ဟု သုံးထားသောကြောင့် သူမ အလွန်ကြီးမားသည်ဟု ဆိုပေသလော ။ ထိုသို့ ဖြစ်ခဲ့လျှင် သူမ၏ ဘယ်နေရာ အစိတ်အပိုင်းက အလွန်ကြီးမားသနည်း ။ သူမ၏ ဦးနှောက်မှလွဲ၍ ကျန်တာဖြစ်နိုင်သည်ဟု နားလည်သလောက်လေး ဆွဲတွေး၍ ကောက်ချက်ချမိသည် ။

they does ဟု သုံးမိသော ကျွန်ုပ်တို့ ၏ ငယ်ပေါင်းကြီးဖော် ဘုန်းကြီးကျောင်းသားသည် ခြေဖ၀ါးကို ငှက်မွှေးနှင့်ပွတ်၍ ဒဏ်ပေးခံရဖူးသည် ။ ယားသောကြောင့် တချက်ရယ်ချင်တိုင်း they do ပါ ဘုရား they do ပါ ဘုရားဟု အော်ခဲ့ရဖူးသည် ။ ထိုအပြစ်ဒဏ်မျိုးပေးတတ်သော ဘုန်းကြီးကျောင်းတွင် စာသင်ကြားခြင်းမဟုတ်ဘဲ အောက် စ ဖုတ် လို ကျောင်းတွင် စာသင်ကြားနေသော မိုးကျ ပြန်မလာ ၀က်ဝံ သည် ကံကောင်းပေစွ ကံကောင်းပေစွ ။

နောက်ဆက်တွဲ ဥပမာများ ။
Weldone, Guys who does this brilliant site.
Thanks ever so much indeed for your kind visited.
You all are my lovely friends through to know you all from Blogging. 'Friendship mean everything to me.'
It has been over a week that i didn't posts as i have exam came up.
Can you all believe we having heavy snow unlikely time in UK this year 2008???
To my awareness, It's very much unlikely snowing and bitterly cold conditions have swept across the country, causing chaos on the roads during Easter weekend.

အထက်ပါစာကြောင်းများကို ဖတ်ရင်း ကျွန်ုပ်တို့ ရူးချင်ချင်ဖြစ်သွားသည် ။ ခွက်ပုန်းအရက် ၀စ်လစ်စကီ မလို မူးချင်ချင် ဖြစ်သွားသည် ။ ထိုသို့ ဖြစ်ရခြင်းမှာ အောက် စ ဖုတ် တွင် ကျောင်းမတက်ဖူးသောကြောင့်သာ ဖြစ်ပေလိမ့်မည် ။ မှတ်သားလောက်ပေစွ မှတ်သားလောက်ပေစွ ။

သူမ ရေးထားသော ကွန်မန့် တခုတွင် "lack of pointless" ဆိုသော အသုံးအနှုံးကို မြင်သောအခါ ကျွန်ုပ်တို့ ၏ မေးစေ့များ မေးသီးများ ပါးစပ်ထဲသွင်းခါနီး ဇီးသီးများ ရှိရှိသမျှ အကုန်လုံး အောက်သို့ ပြုတ်ကျသွားသည် ။ ဘုရား ... ဘုရား အံ့မခန်း အောက် စ ဖုတ် ပါလား ။ အလွန်တရာ လေးစားခြင်းကြီးစွာနှင့် အောက် စ ဖုတ် ကျောင်းအကြောင်း လေ့လာစုံစမ်းရန် ချက်ချင်းပင် အောက် စ ဖုတ် တွင် ပညာသင်ကြားနေသော ကျွန်ုပ်တို့ ၏ သူငယ်ချင်းကောင်းကြီးထံ ဖုန်းလှမ်းဆက်လိုက်သည် ။

သူငယ်ချင်းကောင်းကြီး ။
ဟယ်လို

ကျွန်ုပ်တို့  ။
သေနာကောင် ငါတို့ ပါကွ ။ ထွက်သက် ၀င်သက် နဲ့ ကမ္ဘာတဘက်ခြမ်းက မင်းလို သေနာကောင်မျိုးတွေလေ ။

သူငယ်ချင်းကောင်းကြီး ။
အော် အော် မင်းတို့ ကလည်း မသေနိုင်သေးပဲကိုး ။ ငါ့ ဆီ ထူးထူးခြားခြား ဘာ လှမ်းဆက်လဲ ။

ကျွန်ုပ်တို့  ။
ဒီလို ဒီလိုကွာ - ခုတလော မြန်မာ ဘလော့ကာ ပုဂ္ဂိုလ်တွေကြား ရွှေပန်းစား (မှားသွားတယ် ရေပန်းစား) နေတဲ့ မိုးကျ ပြန်မလာ ၀က်ဝံ ဆိုတဲ့ ဘလောကာ့ စော်တဗွေ အကြောင်း မေး မလို့ ကွ ။ သူ က လည်း မင်းတို့ ရဲ့  အောက် စ ဖုတ် ဆိုတဲ့ ကျောင်းတော်ကြီးကပဲ တဲ့ ။

သူငယ်ချင်းကောင်းကြီး ။
ဘုရား ဘုရား ...

ကျွန်ုပ်တို့  ။
ဟေ့ ကောင် - ခါတိုင်း စော်တွေအကြောင်းပြောရရင် သရေတွေ သုတ်မကုန်တဲ့ ကောင်က ။ ခု ဒီစော် နာမည် ပြောတာ ဘာလို့  ဘုရား တ နေ တာလဲ ။

သူငယ်ချင်းကောင်းကြီး ။
တရမယ်လေကွာ တရမယ် ။ မင်းတို့ ပြောလိုက်တဲ့ အဲဒီ မိုးကျ ပြန်မလာ ၀က်ဝံ ကြောင့်ပေါ့ - ငါ တို့ ကျောင်းတော်ကြီးက ပရောဖက်ဆာတွေ အကုန် သူ့ အတန်းမှာ တင်တဲ့ စာတွေ အမှတ်ခြစ်ရင်း ရူးသွားကြလို့  စိတ္တဇဆေးရုံ ရောက်နေကြပြီ သူငယ်ချင်းတို့ ရေ ။ ခု ငါ တို့  ကျောင်းမှာ ပရောဖက်ဆာ တွေ ပရောဟိတ်တွေ အကုန်လုံး သူ့ စာတွေဖတ်ပြီး အဲလိုဖြစ်ကုန်လို့  ပရောဖက်ဆာတွေ စမ်းသပ်မွေးမြူထားတဲ့ ချင်ပန်ဇီ မျောက်လေးတွေကပဲ သင်နေတော့တယ်ဟေ့ ။ အဲဒီမျောက်တွေကျတော့မှ မိုးကျ ပြန်မလာ ၀က်ဝံရဲ့  စာတွေကို ဖတ်နိုင်တော့တယ် ။ မြွေမြွေချင်း ခြေမြင် ဆိုသလိုပေါ့ကွာ ။ ငါလည်း ခု ကျောင်းထွက်ထားတယ် ။ cambridge ကို ပြောင်းတော့မယ် ။ အဲဒီမှာတော့ မိုးကျ ပြန်မလာ ၀က်ဝံလို ဟာမျိုး မရှိဘူးဆိုတဲ့အကြောင်း အသေအချာ စုံစမ်းထားပြီးပြီ ။

ကျွန်ုပ်တို့  ။
ဟေ (ပါးစပ်ဟောင်းလောင်းနှင့်)

Sunday, May 18, 2008

ပါလေရာ ဂွက်ထော်နှင့် သူမ၏ ပုံတို ပတ်စများ

မီး နာမည် က မိုးကျ ပြန်မလာ ၀က်ဝံ ပါ ။ မီးကတော့ အောက် စ ဖုတ် (Oxford)မှာ ကျောင်းတက်နေပါတယ် ။ မီး ဒယ်ဒယ်ကတော့ အမေကြီး ကား (America) ဆိုတဲ့ နိုင်ငံမှာ အီးကုန်းနောမစ် (economic) အရ အောင်မြင်နေတဲ့ ဘီးစုတ်နဲ့ သမား (business man)ပါ ။

ဒါကတော့ ဘိလပ်လို မွှတ်နေအောင် ရေးတတ်ဖတ်တတ်သင့်သော်ငြား စုတ်ပြတ် ဆင်းရဲ သိမ်ဖျင်းလှ သော အရေးအသားများဖြင့် မြန်မာ ဘလော့ဂါ ဆိုသော ပုဂ္ဂိုလ်တို့ ကြား ရွှေပန်းစား (မှားသွားတယ် ရေပန်းစား) နေသော မယ် ကုဝဏ် ဘီလူး မ ရှောက်သီးသုတ်နှင့် ရခိုင်မုန့် တီ တပြိုင်နက်ထဲ မျိုချမိသည့် မျက်နှာနှင့် မော တယ် ဘာဘီကျူး(Moral Virtues)ဆိုသည့် ဘလော့ ပိုင်ရှင် အဘွားအိုပေါက်စ၏ ပြောနေကျ အကြောင်းအရာများ ။

မကြာမှီလာမည် .. မျှော်..။

Saturday, May 17, 2008

မရှိမဖြစ် အီးအိုတီမင်းသားကြီး ရန်အောင်

ကျွန်ုပ်တို့၏ တစ်ထောင့်တစ်ညပုံပြင်များကို လာရောက်ကြည့်ရှုနားထောင်ကြသည့် ပွဲကြည့်ပရိတ်သတ်တိုင်း ရင်သပ်ရှုမောနိုင်ရန်အလို့ ငှာ အီးအိုတီဆိုသော ဇာတ်ခုံလိုအပ်ပေသည် ။ ထွက်သက် ၀င်သက်သာရှိသော ကျွန်ုပ်တို့မှာ အဆင့် ငါးဆင့်လောက်သာမြင့်သော အနှီအီးအိုတီဇာတ်ခုံကိုတောင် ကိုယ်တိုင်တည်ဆောက်နိုင်စွမ်းမရှိ ။ သို့ ပေသောကြောင့် မြန်မာဘလော့ကာတိုင်းပြည်တွင် ထင်ရှားကျော်ကြားသော အီးအိုတီမင်းသားကြီး ရန်အောင့်ထံ ချဉ်းကပ်ရန် ဆုံးဖြတ်လိုက်ရပေသည် ။

ဤနေရာတွင် မင်းသားကြီးရန်အောင်၏ ရုပ်ရည်ရူပကာကို ရှင်းလင်းတင်ပြရန် လိုအပ်သည် ။ ဦးခေါင်း ဆယ်လုံးပိုင်ဆိုင်သော ဘီလူးဒဿဂီရိနှင့် အပြိုင်ကျဲ မင်းသားကြီးရန်အောင်တွင် လေးပိုင်းပိုင်းထားသော ကိုယ်ခန္ဓာရှိသည် ။ အပိုင်းတိုင်းတွင် ခြေနှစ်ဘက် လက်နှစ်ဘက် ပါဝင်သော်လည်း ၊ ဦးခေါင်းတလုံးသာရှိသောကြောင့် ကိုယ်ခန္ဓာအောက်တွင် သူ့ ဦးခေါင်းနစ်ဝင်တတ်သဖြင့် ၊ လူမြင်အောင် ခေါင်းကိုအတင်းပြူထွက်ပြတတ်သည် ။ ကိုယ်ခန္ဓာလေးပိုင်းကို ခွဲခြားရန် ခဲယဉ်းမည်ဆိုးသောကြောင့် ထုံးဖြူဖြူနှင့် ကဗျည်းထိုးထားသည် ။ အပေါ်ဆုံးပိုင်းတွင် ပြိုးပျက်တောက်ပ မျက်စိကျိန်းနိုင်ဖွယ်ရှိသော မင်းဝတ်တန်ဆာများကို ဆင်မြန်းခါ လက်နှစ်ဖက်မှ ပုတီးစိပ်လျက် ခြေနှစ်ဘက်အောက်မှ လေ၀င်လေထွက်ကောင်းစေရန် ကားယားကြီးဖြစ်နေတတ်သည် ။ ဒုတိယပိုင်းတွင် နေမင်းကို ဆေးမှင်ကြောင်ထိုး၍ လက်နှင့် ခြေထောက်များကို အသက်ရှင်စေသည် ။ တတိယပိုင်းတွင် အေးခဲသွားသော လက်နှစ်ဘက်တွင် ဂျိုင်းကနာပေါက်၍ အတောင်ပံတို့ အလား မြှောက်တင်ထားရသည် ။ စတုတ္ထပိုင်းတွင်တော့ လူပုလေးခုနှစ်ယောက်နှင့်ယှဉ်ပြိုင်စဉ်က အနိုင်ရခဲ့သော ခြေထောက်နှစ်ဘက်ကိုတပ်စဉ်၍ တခြားကိုယ်ခန္ဓာအပိုင်းသုံးပိုင်းကို အငြိမ်မနေနိုင်သောလက်နှစ်ဘက်နှင့် ပွတ်သတ်ခါ သန်းရှာလေ့ရှိသည် ။

မင်းသားကြီး ရန်အောင်၏ ကြီးကျယ်ခန်းနားထယ်ဝါခါ မျက်စိသူငယ် နားသူငယ်ဖြစ်နေရှာသောအခြွေအရံများ နားခိုတတ်သော တိုက်ခံအိမ်တဲအိုစုတ်ရှေ့ တွင်ကား အောက်ပါဆိုင်းဘုတ်ကို တွေ့ နိုင်ပေသည် ။

အီးအိုတီမင်းသားကြီး ရန်အောင်

နိုင်ငံခြားတွင် နှစ်ပေါင်းများစွာ လည်ပတ်၍ အီးအိုတီလုပ်ပေးခဲ့ပြီး ပြန်လာပြီ။

အောက်ပိုင်းတွင်တွဲလောင်းကျနေသောအရာ ပိုင်ဆိုင်သူများ အနားမကပ်ပါနှင့် ။

အပေါ်ပိုင်းတွင် ကြီးကြီးမားမားတွဲလောင်းကျနေသောအရာ ပိုင်ဆိုင်သူများ အမြန်ချဉ်းကပ်နိုင်သည် ။

အထက်ပါအရည်အချင်းနှင့် ပြည့်စုံသောသူများကိုသာ မေတ္တာဗရဗွနှင့် စိတ်ရောကိုယ်ပါ အင်တိုက်အားတိုက် အားလုံးတိုက်၍ ကူညီ ဆောင်ရွက် အသက်ပါသေသေ ဆောင်ကျဉ်းပေးမည် ။


အီးအိုတီမင်းသားကြီးရန်အောင်၏ ခြံဝန်းထဲ ခြေလှမ်းဝင်လိုက်ရာ မြင်လိုက်ရသည်မှာ - သူသည် တက်ကျမ်းတအုပ်ကို လက်တဘက်မှ ကိုယ်ခန္ဓာနောက်ကွယ်ဝှက်လျက် ကျန်လက်များကို ရှေ့ သို့ ပစ်မြှောက် ဆန့် ထုတ်ခါ သေးငယ်လှသောဦးခေါင်းထက်ရှိ ကြီးမားလှသောပါးစပ်မှ အာဘောင်အာရင်းသန်သန် အမြုပ်တစိစိထွက်သည်အထိ ဖတ်ရှုထားသော တက်ကျမ်းမှလေတရားကို ဟောကြားနေလေသည် ။ အီးအိုတီမင်းသားကြီးထံမှ အီးအိုတီဇာတ်ခုံဆောက်ရန် အကူအညီတောင်းလိုသော ကျွန်ုပ်တို့ ကဲ့သော လူအများမှာ သူ၏ တံတွေးမိုးအောက် ထီးဖွင့်ဆောင်းသူဆောင်း၊ စိတ်ပျက် ခေါင်းခါ ပြန်လှည့်သူက ပြန်လှည့် နှင့် ။ ကျွန်ုပ်တို့ သည်လည်း အီးအိုတီဇာတ်ခုံရရှိရေး တို့ အရေး ဟု ခပ်လေလေရေရွတ်၍ ကံအားလျော်စွာ အသင့်ပါရှိသော မိုးကာများကိုထုတ် တကိုယ်လုံးဖုံးကာကြပြီး လေဒဏ်ကို ကြံ့ကြံ့ခံနေလိုက်သည် ။

မိုးဒဏ် လေဒဏ်ကို ခံပြီးသည့်သကာလ အီးအိုတီမင်းသားကြီးနှင့် စကားပြောခွင့်ရတော့သည် ။

အီးအိုတီမင်းသားကြီး။ ဘာကိစ္စရှိလို့ လဲကွ ။
ကျွန်ုပ်တို့ ။ အီးအိုတီဇာတ်ခုံဆောက်ပေးဖို့ အကူအညီတောင်းချင်လို့ ပါဗျာ ။

အီးအိုတီမင်းသားကြီး။ မင်းတို့ စာမဖတ်တတ်ဘူးလားကွ ။
(သူ့ အိမ်ရှေ့ တွင်ထောင်ထားသော ဆိုင်းဘုတ်ကြီးကို လက်ညှိုးထိုးပြပြီး)
မင်းတို့ ဆီမှာ အောက်ပိုင်းတွဲလောင်းကျနေတာတွေပဲ ရှိတယ် ။ ငါ့နားလာမကပ်နဲ့ ။
ကျွန်ုပ်တို့ ။ ^%$#*&^%

ဤတွင် ကျွန်ုပ်တို့ ပြောသော အီးအိုတီမင်းသားကြီးရန်အောင်၏ပုံပြင် ပြီးဆုံးသည် ။ အီးအိုတီဇာတ်ခုံမရလိုက်သော်လည်း တစ်ထောင့်တစ်ညပုံပြင်တပုဒ် အဆစ်တင်ကျန်ခဲ့သည် ။

စတင်ခြင်း


“ ဘမာတွေကို အထင် မသေးနဲ့  နော် … ညှင်း ညှင်း ညှင်း” ( အညင် ကပ်စရာ အသံဖြစ် ပြုံးလိုက်သည်)
“အထင်လား … ဟင့်အင်း … သေးရဲဘူး … အကုန်လုံးက အစွမ်းအစတွေနဲ့ ”ကျွန်ုပ်တို့ သည် တစ်ညနေသော အချိန်တွင် ညနေစာကို ဆာလောင်မွတ်သိပ်စွာ ခေါင်းမဖော်နိုင်အောင် စားပြီးသကာလ ရေနွေးကြမ်း ၄အိုးကုန်နီးပါးတိုင် လေဖောကြလေ၏။ ( အလုံးရေ လျှော့ထားသည်)။ ကျွန်ုပ်တို့ ကို ဆိုင်ရှင်မှ ဂေါ်နှင့် ကော်မထုတ်ခင် အလိုက်တသိ ပိုက်ဆံရှင်းပြီး နောက် ထိုင်စရာ ဆိုင်ရှာသော်..ဆိုင် မပိတ်သေးသည့် ဘေးကပ်ရပ်ဆိုင်သို့  ချီတက် ခဲ့ကြလေသည်။ ထို့ နောက် လူမြင်ကောင်းရန် အလို့ ငှာ လ္ဘက်ရည် ၂ခွက် ကို မမှာချင့် မှာချင် ဖြစ် ၀ယ်ခဲ့ ကြသည်။
ဆက်ဖောကြသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။ ( လှန် မကြည့်ပါနှင့် လက်နက် အပြည့်အစုံရှိသည် … အဲ ယောင်ခြင်းသီးခံပါ .. ဘောင်းဘီဝတ်ထားသည် ဟု ဆိုလိုခြင်း ဖြစ်သည်)


“အမှန် တော့ သူတို့ တွေရဲ့  ဘိုးစဉ်ဘောင်ဆက်ကလဲ နည်းတဲ့ ဟာကြီး တွေမှ မဟုတ်တာ”
“ ဟင် … သား ကြောက်တယ်”
“သူတို့  တွေရဲ့  အမျိုးအဆွေတွေကို မင်းတို့  သိလားကွ”
“ နို့ … သိမှ မသိတာ”
“ အဲ့ ဒီ .. နို့  ရှိမှ မရှိတာ .. သတင်းပဲ”
“ရှင်းရှင်းပြောလေ သားရယ် … အန်ကယ်တို့ က ရင်တုန်တတ်တယ်”
အမှန်မှာ ရင်တုန်တတ်တယ်ဟု ပြောသော တယောက်သည် အဆိုးဆုံး ဖြစ်၏။ ဘာဆိုး သလဲ မသိ။ မေးမြန်းခြင်း သည်းခံ ပါ။
“ ငါပြောပြမယ် … ဒီလို ကွ … နားထောင်.. ပုံပြင်တွေက ဆက်စပ်မှုရှိတယ်ကွ။ ဘယ် သူနဲ့  ဘယ်လို အမျိုးတော်တယ်ဆိုတာ ကိုယ့်ဟာကိုယ် စပ်ဆက်ကြည့်ပေတော့”
ဆက်ရန် …