မြန်မာဘလော့ကာလောကသည် အလွန့် အလွန်မှ စိတ်ဝင်စားဖွယ် ကောင်းလှ၏ ။ လူကြီး လူလတ် လူငယ် အရွယ်မျိုးစုံ ၊ ယောက်ျား မိန်းမ ပုဂ္ဂိုလ်မျိုးစုံ ကျက်စားရာနေရာဖြစ်၏ ။ ရသ နိုင်ငံရေး ဗဟုသုတ အထွေထွေနှင့်လည်း ပြည့်စုံလှ၏ ။ ထိုသို့ အမျိုးစုံလှသော ဘလော့လောကတွင် ကျွန်ုပ်တို့ ယခုတခေါက် စိတ်ဝင်စားစွာလေ့လာမိသူများမှာ ဘူးယို လုပ်ကြသူများပင် ဖြစ်ပါသည် ။ ဘလော့လောကတွင် ဘူးသီးပင်အများအပြားရှိလေရာ ဘူးယိုလုပ်ကြသူများရှိခြင်းသည်လည်း မဆန်းလှပေ ။
ပထမဆုံး ဘူးယိုလုပ်သူမှာ ခါသင်းကြည်နှင့် နင်လား ငါလား ပြိုင်ဆိုင်ခါ ပဲအပြည့်ပေးထားသောဓါတ်ပုံများကို တင်တတ်သည့် တီတီကြီး မေဘားမားပင် ဖြစ်ပါတော့သည် ။ (လှချဉ်ဇလီတင့် နှင့် ညီအမ တော်သည်ဟုလဲ ကြားသည်။ မကြာခင် အချိန် အတွင်း ညီမတော် လှချဉ်ဇလီတင့် အကြောင်းကို ဆက်ပါ့မည်)။ တီတ်ီကြီး၏ ရပ်ကွက်ထဲရှိ ဆယ်အိမ်ခေါင်းကို လက်ဖက်ရည်တိုက်ပြီး သူမ၏ ကိုယ်ရေးရာဇ၀င်အတိုချုံးကို ကျွန်ုပ်တို့  လေ့လာအပြီး သိလိုက်ရသည်မှာ ဆရာဝန်ဖြစ်ခဲ့သော တီတ်ီကြီးသည် အလွန်တရာမှ ရှည်လျားသော ဂုဏ်ထူး ဂုဏ်ပုဒ်များနှင့် ကိုယ်ရောင်ကိုယ်ဝါများ ပြိုးပြိုးပြက်ပြက် တောက်ပနေလေကြောင်း ကြားသိရလေ၏။
ကျွန်ုပ်တို့  အန်တီအရွယ်လောက်ရှိသော တီတီကြီး၏ နေကာမျက်မှန်ကြီးတကားကားနှင့် ပုံများကို ရှုစားပြီးသည့်သကာလ သူမ၏ ခန့် ညားလှသော အိမ်ကြီး လေးအိမ်သို့  စနည်းနာရန် ခြေဦးလှည့်မိပါတော့သည် ။ ဘယ်အိမ်ကို အရင်ဝင်ကြည့်ရမည်နည်းဟု စဉ်းစားသောအခါ “မြန်မာပြည်ကို ပညာပေးသည်” (Educate Myanmar) ဟု အဓိပ္ပါယ်ပါရှိသော ဘိုလိုရေးသားထားသည့် ဆိုင်းဘုတ်တခုထောင်ထားသည့် နေအိမ်သို့  အရင်ဝင်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည် ။ အဘယ်ကြောင့်ဆိုသော ကျွန်ုပ်တို့ သည် အလွန်အမင်း ပညာကိုရယူသင်ကြားလိုသူများဖြစ်သည် ။ ပညာသာရမည်ဆိုလျှင် ဘယ်ပညာမဆို အရိုးကျေကျေ အီး သေး ပါ ခန်းခန်း ခန်းချင်သလောက်ခန်းပါစေ (အသပြာ မည်မျှ ပေးရ ပေးရ .. ပညာရွှေအိုးလူမခိုး၊ ရွှေအိုးရှိမှ ပညာရဆိုသည့်အတိုင်း) ရအောင် သင်ယူမည်ဟူသော စိတ်ဓါတ်မျိုး ရှိသူများ ဖြစ်သည် ။
ဝင်ဝင်ချင်း အိမ်ရှေ့ တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကို ကျွန်ုပ်တို့  အသံထွက် ဖတ်လိုက်မိသည် ။
Why Burmese do not have democracy yet? because they do not understand it. There are gaps to be filled and one is global education and culture. When there are limited knowledge books in Burmese and absence of internet in Burmese not to say that very few people read English among very few who use Internet.
တီတီကြီးရေးထားသည့် ဘူးယိုအပြည့် အဲ ဘိုလိုအပြည့်ရှိသော စာကြောင်းများကို ကျွန်ုပ်တို့ ၏ ရှိစုမဲ့စု ဘုန်းကြီးကျောင်းပညာရေးတွင် သင်ကြားခဲ့သည့် တတ်သလောက် မှတ်သလောက်လေးနှင့် ဆက်လက်ဖတ်ရှုမိလေသည် ။ ကျွန်ုပ်တို့ အား ဂရမ်မာသင်ပေးခဲ့သော ဘုန်းဘုန်းသည် ကျွန်ုပ်တို့ အချင်းချင်းအား တယောက်ရေးထားသည်ကို တယောက်ဖတ်စေပြီး ဂရမ်မာမှားသည်ဟု ထင်သည့်နေရာများတွင် ပြန်လည်အမှားပြင်ခိုင်းလေ့ရှိသည် ။ စာပိုဒ်လေးကို လက်ကမြင်းကြောထခါ ပြင်ပေးချင်သော်ညားလည်း လက်ကလေးပြန်ချကာ သေချာဖတ်လိုက်မိ၏ ။
အလိုလေး ဒီမိုကရေစီ ဆိုပါလား ။ ကျွန်ုပ်တို့  လန့် ဖျားဖျားသွားသည် ။ ကျွန်ုပ်တို့ ၏ အမိမြန်မာနိုင်ငံတော်ကြီးတွင် ဒီမိုကရေစီအော်လျှင် ထောင် ငါးနှစ်ထိ ချနိုင်သည်ဆိုခြင်းကို မြန်မာပြည်သူတို့ ကို ပညာပေးမည့် တီတီကြီး သိပါလေစ ။ ဒီမိုကရေစီကိုတောင် မအော်နိုင်လျှင် ဒီမိုကရေစီကိုနားလည်နိုင်ရန် ထိုအရာများနှင့်ပတ်သက်သော စာအုပ်များသည်လည်း ကောက်ရိုးပုံထဲအပ်ရှာရသလို ရှာမှရှား ။ ထိုအခြေအနေတွင် အဘယ်သို့  အနှီ ဒီမိုကရေစီကြီးအား ကျွန်ုပ်တို့  နားလည်နိုင်မည်နည်းဟု တီတီကြီးအား မေးခွန်းထုတ်လိုက်ချင်သည် ။ ဘူးယိုအပြည့်လုပ်၍ အချိန်ကုန်နေသော တီတီကြီး ဖြေနိုင်ပါမည်လော ။
ရှေ့ ဆက်ဖတ်မိသောအခါ တီတီကြီး၏ မြန်မာနိုင်ငံကိုပညာပေးမည့်အိမ်ကြီးထဲတွင် အင်တာနက်ပေါ်မှ အီးမေးလ်များမှ ရရှိသော အကြောင်းအရာများကို ဘာသာပြန်ထားရုံမှလွဲ၍ တခြားဘာပညာမှ မတွေ့ ရချေ ။ ဂူဂယ်လ်အီးမေးလ်မှ ပို့ ပေးလေ့ရှိသော စပန်များအကြောင်းသာမက ဝေစနှစ်လုံးပေါက်ထပ်ထည့်၍ စပန်းအကြောင်းကိုပါ ကျွန်ုပ်တို့  တီတီကြီးထက် သိရှိပြီးဖြစ်သည် ။ မြန်မာနိုင်ငံအား ပညာပေးမည့် ထိုအိမ်သည် တကယ်တော့ အခွံပဲရှိခါ အမှန်စင်စစ် ဟောင်းလောင်းကြီးသာဖြစ်နေပါလားဟု ကျွန်ုပ်တို့  ကောက်ချက်ချခါ ထိုနေရာမှ သုတ်ခြေတင် ထွက်ခဲ့ကြလေသည် ။
အထွက်တွင် ပါးစပ်သရမ်းတတ်သော ကျွန်ုပ်တို့  အဖွဲ့ ထဲမှတယောက်က ဤသို့ အော်ခဲ့လေ၏
“တီတီကြီး ခင်ဗျ.. တီတီကြီး အိမ်များကို အဲလောက်ကြီး ဟောင်းလောင်းထားရင် သူရဲခြောက်မှာတောင် ကြောက်ရပါတယ် ။”
တီတ်ီကြီး၏ တခြားသော နာမည်ခပ်ကြီးကြီးအိမ်များဟာလည်း အခွံပဲရှိသော ဟောင်းလောင်းကြီးများလားဟု တစေ့တစောင်း လေ့လာရန် ဆုံးဖြတ်လိုက်ကြသည် ။
“မြန်မာပြည်ကို ကူညီပါ” (Help Myanmar) တွင်ရေးထားသော မယ်တော်ကြီး၏ အရေးအသားများသည် ရက်ပေါင်းများစွာ ၀မ်းမသွားသောဗိုက်မှ လေလည်သည့်အလား အလုံးကြီးများနှင့် ထုချလိုက်သည့်နှယ် မခံနိုင်သည့်အဆုံး အလျင်အမြန် ထွက်ပြေးခဲ့ရ၏ ။ (၀မ်းပုပ်ချဆေး စားထားလို့ ထင်ပါရဲ့ )။ တဖန် “သာသနာနှင့် ယဉ်ကျေးမှု ထွန်းကားရေး” (Long live our culture and our religion) ဟု နာမည်တပ်ထားသော အိမ်တွင်တော့ တီတီကြီး ဘူးယိုမထိုးစားတော့ပဲ ကျွန်ုပ်တို့ အသေအချာတတ်သော မြန်မာစကားလုံးများနှင့် ရေးသားထားသဖြင့် ၀မ်းသာအားရ ဖတ်ရှုလိုက်သည့်သကာလ ...
မြန်မာဘလော့ကာများဟု လေဘယ်လ်တပ်ထားသော ပို့ စ်တခုတွင်ရေးသားထားသည်မှာ
ငါတို့ နိုင်ငံသားတွေဟာလက်စသတ်တော့
အရိုင်းအစိုင်း တွေကိုး
ဘဝင်မြင့်မှုမျိုးစုံနေကြတာကိုး
ဗုဒ္ဒကယ်ပါဘုရား
ဝေးဝေးကဘဲနေပါတော့မယ်
ကြောက်ပါတယ်။
ကျွန်ုပ်တို့ ။
ကိုယ့်နိုင်ငံသားချင်း အရိုင်းအစိုင်းပြန်ခေါ်တဲ့ တီတီကြီးကို ရင်နာနာနဲ့  သူနဲ့  ခပ်ဝေးဝေးကနေ တခွန်းပဲ ပြောချင်တယ်ဗျာ ..
ထွီ
Monday, June 2, 2008
Subscribe to:
Post Comments (Atom)
4 comments:
“ကျွန်ုပ်တို့ သည် မည်သူတဦးတယောက်ကိုမှ ထိခိုက်လိုစိတ်မရှိ ။”
“ ကျွန်ုပ်တို့အရေးအသားများကိုဖတ်၍ သတ်သေချင်ခဲ့သော် ကျွန်ုပ်တို့နာမည် သေတန်းစာထဲမထည့်ပါနှင့် ။”
ထိုစာသားနှစ်ခုမှာပင် ကာယကံရှင်ကို ထိခိုက်စေသလား၊ မထိခိုက်ဘူးလား ပေါ်လွင်နေပါတယ်..
အရေးအသားနဲ့  ရည်ရွယ်ချက်ကို ပြန်လည်သုံးသပ်ကြစေလိုပါတယ်..
ညီမက အခုမှ ဘလော့လောကထဲစ၀င်ခါပါ။ ဆရာလုပ်တာတော့မဟုတ်ပါဘူး၊ အကြံပေးချင်တယ်လို့ပြောရအောင်လည်း အဲ့လောက်မတော်သေးပါဘူး........ဒါပေမဲ့ ကိုယ်ချင်းစာစိတ်တစ်ခုနဲ့တော့ ပြောပါရစေ။ ဘလော့ရေးထာ ကိုယ့်အနေနဲ့ အများကို အသိပညာပေးချင်လို့လည်းကောင်း၊ သိထားတာကိုမျှဝေတဲ့ သဘောသော်လည်းကောင်း လူအများကို စိတ်ဓါတ်တက်ကြွစေဖို့၊ ပျော်စေဖို့ ရေးတယ်လို့ သိထားတာပါ။ အခုလို လမ်းမှန်ကို ညွှန်ပြမှုထက် ဝေဖန်မှုတွေပါတာတော့ ရေးခံရတဲ့ ကာယကံရှင်နေရာမှာ ဘယ်လို ခံစားနေရမလဲဆိုတာလေးကို ထည့်စဉ်းစားစေချင်တယ်။ ကျေးဇူးတင်ပါတယ်
တစ်နေ့သ၌ ကျွန်ုပ်သည် မြန်မာဘလော့ကာတို့၏ တစ်ထောင့်တစ်ညပုံပြင်များ ဆိုသော ဘလော့ကြီးကို တွေ့ရာ မြန်မာဘလော့ဂါတို့၏ အားနည်းချက် များကိုထောက်ရှုဝေဖန် သောဘလော့ ကြီးဖြစ်ပေသည် ဟု ထင်မှတ်ကာ ၀င်ရောက်ဖတ်ရှုမိလေသည်။
သို့သော် ကျွန်ုပ်တွေ့ရသည်မှာ
၁. ပုတ်ခတ်သော
၂. ရိုင်းစိုင်းသော
၃. ခံရသမျှ ပြန်ချလိုသော
၎. မိန်းကလေးများ (အမျိုးသမီးကြီးများကိုပါမချန်)
မပြောသင့်သည်များကို ပြောဝံ့သော
၅. မနာလိုတတ်သော
၆. ယဉ်ကျေးမှုကို နားမလည်သော
၇. ကိုယ်ချင်းစာ တရားနှင့် နည်းနည်းမျှ မယဉ်ပါးသော
၈. အကျိုးအကြောင်းကို နားမလည်သော
၉. မိမိမည်သူ ဖြစ်သည်ကိုပင် မဖော်ပြရဲသော
၁၀.ကျွန်စိတ်ပေါက်နေသော
၁၁.ရေးသားသူများသည် Lady Boy များလားဟု
ထင်မှတ်မှားလောက်သော
ဘလော့ကြီးဖြစ်နေသည်ကို တွေ့ရှိရသည်တွင် ယဉ်ကျေးသောသူတို့တွင် အသိုင်းအ၀ိုင်း၌ မရှိသင့်သော ဘလော့ဖြစ်သည်ဟု ကောက်ချက်ချမိရကား
“ဖြစ်သမျှကို တောင်းပန်
မှားမိပါသည်ဟု ၀န်ခံ
ဝေဖန်ရေးနှင့် မထိုက်တန်
ဘလော့လောကမှ ထွက်ရန်”
စေတနာရှေ့ထားကာ မိန့်ကြားလိုက်ရပေတော့သည်။
Post a Comment